Local News

ကနီကိုသိမ်းချင်တိုင်း သိမ်းလို့မရကြောင်း ပြတ်ပြတ်သားသားကြေညာပြီး သူတို့ရဲ့ရဲရင့်မှုကိုပြသလိုက်တဲ့ PDF အဖွဲ့ကလူငယ်တွေရဲ့ပုံရိပ်များ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်မှာတော့ ပြီးခဲ့တဲ့ မေလ (၁၅ရက်နေ့ကစတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဒီတပ်ဖွဲ့မှာဆိုရင် ကနီမြို့နယ်မှာ လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ လူငယ်တွေပါဝင်သလို ကိုယ်နေထိုင်ရာရပ်ရွာတွေကို ကာကွယ်ပေးနေတဲ့ လူငယ်တွေလည်းပါဝင်တာပဲ ဖြစ်ပါတယ်  ကနီမြို့နယ်က PDF အဖွဲ့ကတော့ အချက်ငါးချက်ကို အဓိကဦးစားပေးပြီးဆောင်ရွက်သွားမှာဖြစ်ကြောင်း စာတစ်စောင် ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ် 

မနေ့က မေလ (၂၄ရက်နေ့မှာဆိုရင်လည်း ကနီ PDF အဖွဲ့က Paper Strike ပြုလုပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်  တောထဲတောင်ထဲမှာ ခက်ခက်ခဲခဲနေထိုင်ပြီး ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ ကနီလူငယ်ကတော့ သူတို့ရဲ့ရင်တွင်းဆန္ဒတွေကို ရေးသားဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်  ဒါ့အပြင်PDF အဖွဲ့က လူငယ်တွေက ကနီကိုသိမ်းချင်တိုင်းသိမ်းလို့မရကြောင်း ပြတ်ပြတ်သားသား ကြေညာခဲ့ကြတာ ဖြစ်ပါတယ် 

သေနတ်တစ်လက်ကိုယ်စီနဲ့ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေကြတဲ့ ကနီ PDF အဖွဲ့က လူငယ်တွေကို ပြည်သူတွေကလည်း ဘေးကင်းစေဖို့ ဆုတောင်းပေးနေကြတာ ဖြစ်ပါတယ်  ကနီလူငယ်တွေကတော့ သူတို့ရဲ့ရဲရင့်တဲ့စိတ်ဓာတ်နဲ့ ခွန်အားကို ထင်ထင်ရှားရှား ပြသခဲ့ကြတာ ဖြစ်ပါတယ်  ရရာလက်နက်စွဲကိုင်ပြီး ပြည်သူတွေကိုကာကွယ်ရင်းနဲ့တောထဲမှာဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ကနီ PDF အဖွဲ့က လူငယ်တွေရဲ့လှုပ်ရှားမှုပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Credit

Unicode




Credit