Sports

ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် အင်္ဂလန် အသင်းရဲ့ လူစာရင်းထွက်ပေါ်လာပါပြီ

အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ နည်းပြ ဂါရတ် ဆောက်ဂိတ် ဟာ လာမယ့် ဇွန်လ ထဲမှာ ကျင်းပမယ့် ယူရို ၂၀၂၀ ( ကိုဗစ်ကြောင့် ၁ နှစ် ရွှေ့ဆိုင်းကာ ၂၀၂၁ တွင် ကျင်းပခြင်း ) ပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်မယ့် ပမာဏ လူစာရင်း ကို ထုတ်ပြန် ကြေငြာလိုက်ပြီ ဖြစ်ပါတယ် ။ ဒီစာရင်းမှာ ကစား သမား ၃၃ ဦး ပါဝင် လာပြီး အပြီးသတ် လူစာရင်း ကိုတော့ ၂၃ ဦး နဲ့ ပြန်လည် ရွေးချယ်တင်ပြ ရမှာပဲ ဖြစ်ပါတယ် ။

ဒီလို ထုတ်ပြန် ကြေငြာရာမှာတော့ လက်ရွေးစင် အသင်းကနေ ချန်လှပ် ခံရမယ်လို့ ကနဦးက သတင်း ထွက်နေတဲ့ လီဗာပူး နောက်ခံလူ ထရန့် အလက်ဇန်းဒါး အာနိုး ပါဝင် လာခဲ့ပြီး ဒဏ်ရာ ရရှိနေတာကြောင့် ယူရိုပါလိဂ် ဖိုင်နယ် ကို လွဲဖို့ ရှိနေတယ် ဆိုတဲ့ မန်ယူနိုက်တက် ခံစစ်မှူး ဟယ်ရီ မက်ဂွဲယား လည်း ပါဝင် လာခဲ့ ပါတယ် ။

ပရီးမီးယားလိဂ် ရာသီ ပြီးဆုံး သွားပေမယ့် မန်စီးတီး ၊ ချဲလ်ဆီး နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ဟာ ဥရောပ ပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲတွေ ကစားရဦးမှာ ဖြစ်ပြီး အဆိုပါ အသင်းတွေမှာ ပါဝင်မယ့် အင်္ဂလန် ကစား သမားတွေ ဒဏ်ရာ ရရှိမှု ရှိမရှိ အပေါ်မူတည်ပြီး လူစာရင်း ကို အပြီးသတ် ရွေးချယ် သွားမှာ ဖြစ်တယ်လို့ သိရ ပါတယ် ။

အင်္ဂလန် ဟာ ယူရို ပြိုင်ပွဲမှာ ခရိုအေးရှား ၊ စကော့တလန် ၊ ချက်ရီပတ်ဘလစ် တို့နဲ့ အတူ တစ်အုပ်စုတည်း ကျရောက် နေပြီး ဇွန်လ ၁၃ ရက်နေ့မှာ ခရိုအေးရှား ၊ ၁၈ ရက်နေ့မှာ စကော့တလန် ၊ ၂၂ ရက်နေ့မှာ ချက် အသင်းတို့နဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ် ။ အဆိုပါ ပွဲတွေ မစတင်ခင်မှာတော့ အင်္ဂလန် ဟာ သြစတြီးယား ၊ ရိုမေးနီးယား အသင်းတွေနဲ့ ဇွန်လ ၂ ရက် နဲ့ ၆ ရက်နေ့တွေမှာ ခြေစမ်းကစား သွားမယ်လို့ သိရှိရ ပါတယ် ။

အင်္ဂလန် အသင်းရဲ့ ယူရိုပြိုင်ပွဲဝင်မည့် ကစားသမား ၃၃ ဦး –

ဂိုး – ဟန်ဒါဆင် ( မန်ချက်စတာ ယူနိုက်တက် ) ၊ ဆမ် ဂျွန်စတုန်း ( ဝက်စ်ဘရွန်း ) ၊ ပစ်ဖိုဒ့် ( အဲဗာတန် ) ၊ ရမ်းစ်ဒဲလ် ( ရှက်ဖီး ယူနိုက်တက် )

နောက်တန်း – အာနိုး ( လီဗာပူး ) ၊ ချီဝဲ ( ချဲလ်ဆီး ) ၊ ကိုဒီ ( ဝုဗ် ) ၊ ဂေါ့ဖရေး ( အဲဗာတန် ) ၊ ရစ်ဆီ ဂျိမ်းစ် ( ချဲလ်ဆီး ) ၊ မက်ဂွဲယား ( မန်ချက်စတာ ယူနိုက်တက် ) ၊ တိုင်ရွန်မင်းစ် ( ဗီလာ ) ၊ လုခ်ရှော ( မန်ယူနိုက်တက် ) ၊ ဂျွန်စတုန်း ( မန်စီးတီး ) ၊ ကီရန် ထရစ်ပီယာ ( အက်သလက်တီကို မက်ဒရစ် ) ၊ ကိုင်လ်ဝေါ်ကာ ( မန်စီးတီး ) ၊ ဘန်ဝှိုက် ( ဘရိုက်တန် )

အလယ်တန်း – ဘယ်လင်ဟမ် ( ဒေါ့မွန် ) ၊ ဟန်ဒါဆင် ( လီဗာပူး ) ၊ လင်ဂတ် ( ဝက်စ်ဟမ်း ) ၊ မေဆင်မောင့် ( ချဲလ်ဆီး ) ၊ ကယ်ဗင် ဖိလစ် ( လိဒ် ) ၊ ဒီကလန် ရိုက်စ် ( ဝက်စ်ဟမ်း ) ၊ ဂျိမ်းစ် ဝက် ပရောက် ( ဆောက်သမ်တန် )

ရှေ့တန်း – ဒိုမီနစ် ကယ်ဗက် လီဝင်း ( အဲဗာတန် ) ၊ ဖီးလ် ဖိုဒန် ( မန်စီးတီး ) ၊ ဂရီလစ်ရှန် ( ဗီလာ ) ၊ ရက်ဖိုဒ့် ( မန်ယူနိုက်တက် ) ၊ ကိန်း ( စပါး ) ၊ ဘူကာယို ဆာကာ ( အာဆင်နယ် ) ၊ ဆန်ချို ( ဒေါ့မွန် ) ၊ ရာဟမ်း စတာလင် ( မန်စီးတီး ) ၊ အိုလီ ဝက်ကင်း ( ဗီလာ )

SPORTS MYANMAR