Sports

ယူရိုပါလိဒ် ဖိုင်နယ်ပွဲစဉ်ကို ယူနိုက်တက်နှင့်အတူ လိုက်ပါခဲ့တဲ့ နည်းပြဟောင်းဖာဂူဆန်

ကျွန်တော်တို့ ယူနိုက်တက်အသင်းရယ့် နည်းပြဟောင်းတစ်ဦးဖြစ်တဲ့ ပရိတ်သတ်တွေရယ့် အချစ်တော် ဆာအဲလက်စ် ဖာဂူဆန်ဟာ ယူရိုပါလိဒ် ဖိုင်နယ်ပွဲစဉ်ကို အားပေးဖို့ ယူနိုက်တက်နဲ့အတူ လိုက်ပါခဲ့တယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းဟာ ပိုလန်နိုင်ငံ မှာ ဗီလာရီးရဲလ်အသင်းနဲ့ မေလ 27ရက် မှာယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ယူနိုက်တက်ရယ့် ပိုလန်ခရီးစဉ်မှာတော့ ထူးထူးခြားခြား နည်းပြဟောင်းကြီး ဖာဂူဆန် တစ်ယောက် ပါ၀င်လာခဲ့ပါတယ်။ လာမည့် ဒီဇင်ဘာလ 21ရက်နေ့မှာ အသက် 80ပြည့်တော့မည့် ဖာဂူဆန်ဟာ သူ့ရယ့် တပည့်ဟောင်း ဆိုးရှားလ်ရယ့် ပထမဆုံး ဖိုင်နယ်ပွဲစဉ်ကို အားပေးဖို့ စိတ်အားထက်သန်ပုံက အံ့ဩဖို့ကောင်းလှပါတယ်။


မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆာအဲလက်စ် ဖာဂူဆန်က သူ့ရဲ့ တပည့်ဟောင်း ဆိုးလ်ရှားဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဘဝ ပထမဦးဆုံး ဆုဖလားကို ရယူနိုင်လိမ့်မယ်လို့ မျှော်လင့်ထားသလို ယူရိုပါလိဂ်ဖိုင်နယ် မစတင်ခင်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းသားတွေကို စိတ်ဓာတ် တက်ကြွစေမယ့် စကားတွေ ပြောကြားသွားမယ်လို့လည်း သိရပါတယ်။

ဗီလာရီးရဲလ်အသင်းနဲ့ ကစားရမယ့် ယူရိုပါလိဂ်ဖိုင်နယ် အတွက် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားဟာ အသင်းရဲ့ စီနီယာ ကစား သမားတွေ အားလုံးကို ခေါ်ဆောင်သွားသလို တက် သစ်စ လူငယ်ကြယ်ပွင့်တွေ ဖြစ်တဲ့ ဂိုးသမား ဘီရှော့နဲ့ တိုက်စစ်မှူး ရှောတိုင်းယားတို့ကိုလည်း ခေါ်ဆောင် သွားခဲ့ပါတယ်။

TTSoe
Sports Gaber
internet Source

Unicode




TTSoe
Sports Gaber
internet Source