Sports

ယူနိုက်တက်ကိုပြောင်းရွေ့ရန် သေချာသလောက်ရှိနေပြီဖြစ်တဲ့ ဂိုးသမား တွန်ဟမ်တန်

ယခုရာသီမှာ အက်စတွန်ဗီလာအသင်းနှင့် စာချုပ်ကုန်ဆုံးပြီဖြစ်တဲ့ အင်္ဂလန်နိုင်ငံသား တွန်ဟမ်တန်ဟာ အလွတ်ပြောင်းရွေ့ကြေးဖြင့် ယူနိုက်တက်ကို ပြောင်းရွေ့မှာ ဖြစ်ပါတယ်။ ဒီပြောင်းရွေ့မှုဟာ ယူနိုက်တက် ဂိုးသမားတွေဖြစ်တဲ့ ဟန်ဒါဆန် နှင့် ဒီဂီယာတို့အကြား အဓိက ဂိုးသမားနေရာအဖြစ် ပြိုင်ဆိုင်မှုပြင်းထန်မှာဘဲဖြစ်ပါတယ်။

ယူနိုက်တက်ရယ့် နည်းပြဟောင်း လက်ရှိ ရိုးမားနည်းပြ မော်ရင်ညိုဟာလည်း ဒီဂီယာကို အလိုရှိကြောင်း ပြောဆိုခဲ့တာတွေရှိပါတယ်။ ဒီသတင်းတွေလူပြောများချိန်မှာဘဲ ယူနိုက်တက်ဟာ ဂိုးသမား တွန်ဟမ်တန်ကို ခေါ်ယူဖို့ ပြင်ဆင်ခဲ့တာပါ။ ဂိုးသမားတွန်ဟမ်တန် ဟာ အင်္ဂလန် လက်ရွေးဆင်ဂိုးသမားလည်းဖြစ်ပါတယ်။ သူဟာ ဘန်လေမှာ ခြောက်နှစ်လောက်ထိ ကစားခဲ့ဖူးပြီး အက်စတွန်ဗီလာမှာတော့ နှစ်နှစ်ကစားခဲ့ပါတယ်။

ဒါပေမယ့် ဗီလာမှာ ဂိုးသမား မာတီးနပ်စ် ရောက်ရှိသဖြင့် No.1နေရာ ဆုံးရှုံးခဲ့ရပါတယ်။ အဲ့ဒါတွေကြောင့် ဟမ်တန်ဟာ ဗီလာနဲ့ လမ်းခွဲခဲ့ပြီး ယူနိုက်တက်ကို အလွတ်ပြောင်းရွေ့ကြေးဖြင့် ရောက်ရှိရန် သဘောတူညီမှု ရရှိခဲ့ပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့ကတော့ လက်ရှိမှာ ယူရိုပါလိဒ် ဗိုလ်လုပွဲ ကစားဖို့ရှိနေပြီး နောက်ရက်သတ္တပတ်အတွင်း တွန်ဟမ်တန်ကို စာချုပ်ချုပ်ဖို့ သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source

Unicode




TTSoe
Sports Gaber
internet Source