Local News

ငွေတောင်ဆည်တိုက်ပွဲတွင် ကျဆုံးသွားသော သူရဲကောင်းရဲ့ပူပူနွေးနွေးခန္ဓာကိုယ်အား ဝမ်းနည်းစွာဖြင့် ပုခုံးပေါ်ထမ်းကာ ပြန်လာခဲ့ကြတဲ့ PDF အဖွဲ့ဝင်များ

ကယားပြည်နယ်တွင် နေ့စဉ်နဲ့အမျှ တိုက်ပွဲအခြေအနေတွေ ပြင်းထန်နေပြီး တစ်ဖက်နှင့်တစ်ဖက်  အပြန်အလှန်ထိုးစစ်ဆင်ကာ ပစ်ခတ်နေကြဆဲ  ဖြစ်ပါတယ်။  ဒီမော့ဆိုမြို့လေးကို တစ်ဖက်မှ လက်နက်ကြီးများဖြင့် ဝင်ရောက်တိုက်ခိုက်နေပြီး PDF တပ်ဖွဲ့ဝင်များမှ ရရာလက်နက်ဖြင့် ကြံ့ကြံ့ခိုင် ရင်ဆိုင်တော်လှန်နေကြတာ ဖြစ်ပါတယ်။ အခုလို ရဲစွမ်းသတ္တိအပြည့်နဲ့ တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ လူငယ်လေးများကို ပြည်သူတွေများမှ လေးစားဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။

ငွေတောင်ဆည်နှင့် ဒီမော့ဆိုတစ်လျှောက် တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ထိုမြို့လေးမှာ နေထိုင်ကြတဲ့ ပြည်သူများကို ဘေးကင်းလုံခြုံရာနေရာများသို့ အမြန်ဆုံး ရွှေ့ပြောင်းကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အသိပေးအကြောင်းကြားထားတာပဲ ဖြစ်ပါတယ်။ မနေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာလည်း တစ်ဖက်နဲ့တစ်ဖက် ထိခိုက်ကျဆုံးမှုတွေ ရှိခဲဲ့ကြောင်း PDF အဖွဲ့မှ သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ သူတို့ဘက်မှ ကျဆုံးသွားသော တပ်ဖွဲ့ဝင်တစ်ဦးရဲ့ပူပူနွေးနွေးခန္ဓာကိုယ်လေးကို ဝမ်းနည်းမှုတွေအပြည့်ဖြင့် ပုခုံးပေါ်ထမ်းပြီး ပြန်လာခဲ့ကြတာ ဖြစ်ပါတယ်။” ပူပူနွေးနွေးခန္ဓာကိုယ်လေးကို ထမ်းပြန်ရတဲ့ အိမ်ပြန်လမ်းမှာ သူတို့ငိုနေကြမှာလား။ မြေပေါ်မှာ ကြဲနေတဲ စိန်ပန်းကြွေတွေကို နင်းကျော်သွားရင်း သူတို့ငိုနေကြမှာလား။ အိမ်ကမေးလာရင် ဘယ်လိုပြန်ဖြေရမလဲလို့ တွေးပူနေရင်း သူတို့ငိုနေကြသေးလား။မေးခွန်းတွေအခါခါမေးလို့ ကျွန်တော်တော့လေ ငိုနေမိတယ်။ photo.ငွေတောင်ဆည်တိုက်ပွဲအပြန်တဲ့ အမတစ်ယောက်က မက်ဇင်ဂျာကနေပို့ပေးလာတဲ့ပုံလေးပါ။ ” ဆိုပြီး ဒီဖြစ်စဉ်ကိုကြည့်ပြီး ဝမ်းနည်းနေတဲ့ ပြည်သူတစ်ဦးမှ အခုလို ရေးသားထားတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ရင်း ကျဆုံးသွားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ တော်လှန်ရေးအဖွဲ့အစည်းများမှ ရဲဘော်များ အားလုံးကို အာဇာနည်သူရဲကောင်းများအဖြစ် လေးစားအသိမှတ်ပြုကြောင်းနှင့် ဒီမိုကရေစီ အရေးတော်ပုံအတွက် အသက်ပေးသွားကြသူများကို အစဉ်အမြဲ သတိရနေမည်ဖြစ်ပြီး အရေးတော်ပုံအောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲ ဝင်သွားမည်ဖြစ်တဲ့ အကြောင်း ဒီမော့ဆိုမြို့နယ် PDF အဖွဲ့ရဲ့ လူမှုကွန်ယက်တွင် ရေးသားထားတာ ဖြစ်ပါတယ်။ ရရာလက်နက်ကိုင်ကာ အခုလိုတိုက်ပွဲဝင်ပေးနေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးအန္တရာယ်ကင်းစေဖို့  ပြည်သူတွေများမှ  မေတ္တာပို့သပေးလျက် ရှိနေတာ ဖြစ်ပါတယ်။ ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော ရဲဘော်များအားလုံး ကောင်းရာမွန်ရာဘုံဘဝသို့ ရောက်ရှိပါစေလို့  ဆုတောင်းရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader