Sports

အဓိကကစားသမားတော်တော်များများ မပါဝင်ဘဲ ဂျပန်နှင့်ရင်ဆိုင်မည့် မြန်မာဘောလုံးအသင်း

ဝေဖန်မှုတွေ ပြောဆိုမှုတွေရှိနေပေမယ့် မြန်မာဘောလုံးအသင်းဟာ ဂျပန်နိုင်ငံသို့ ထွက်ခွာခဲ့ပါတယ်။ အသင်းရယ့် အဓိက ကစားသမားဆယ်ဦးကြော်လောက်ကတော့ လိုက်ပါမသွားခဲ့ပါဘူး။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က တရား၀င် လူစာရင်းထုတ်ပြန် မပြထားသေးပေမယ့် အဓိက ကစားသမား ဆယ်ဦးလိုက်ပါမသွားကြောင်း DVBသတင်းဌာန က‌ပြောထားပါတယ်။

ဂျပန်ကို လိုက်ပါသွားတဲ့ ကစားသမားတွေကတော့
ဂိုးသမားနေရာမှာ ကိုကိုနိုင်၊ ပြည့်လျှံအောင်နှင့် ဆန်းဆက်နိုင် နောက်တန်းမှာတော့ ဒေးဗစ်ထန်း၊ ရဲမင်းသူ၊ ရဲရင့်အောင်၊ ဟိန်းထက်စည်သူ၊ ဇော်ရဲထွန်း၊ စိုးမိုးကျော်နှင့် သိန်းသန်း၀င်းတို့ပါ၀င်ပါတယ်။

အလယ်တန်းမှာ လူသိများတဲ့ လှိုင်းဘိုဘို၊ မြတ်ကောင်းခန့် တို့အပြင် တင်၀င်းအောင်၊ လွင်မိုးအောင်၊ ရန်နိုင်ဦး၊ ငြိမ်းချမ်းအောင်၊ လာဒင်မောရာ နှင့် မောင်မောင်လွင် တို့ ပါ၀င်လာပါတယ်။ တိုက်စစ်မှာ ပြေမိုး၊ ထက်ဖြိုးဝေ၊ ဆော်လမန်၊ သန်းထက်အောင်နှင့် ၀င်းနိုင်ထွန်းတို့ပါ၀င်ခဲ့ပါတယ်။

အဓိကကစား‌သမားတွေဖြစ်ပြီး မြန်မာပရိတ်သတ်တွေရယ့် အချစ်တော်ကစားသမားတွေကတော့ ပါ၀င်ခြင်းမရှိခဲ့ပါဘူး။ တိုက်စစ်မှုးကျော်ကိုကိုကတော့ အာဏာရှင်လက်အောက်မှာ ဘောလုံးမကစားကြောင်းအတိအလင်းပြောထားပါတယ်။ ထို့အပြင် ဂိုးသမားတွေဖြစ်တဲ့ ကျော်ဇင်လတ်၊ ကျော်ဇင်ဖြိုး အသင်းခေါင်းဆောင် ဇော်မင်းထွန်း၊ နောက်တန်းတွေဖြစ်တဲ့ ချမ်းငြိမ်း၊ နန္ဒကျော်၊ ထိုက်ထိုက်အောင် ကွင်းလယ်ပိုင်းမှာ စည်သူအောင်၊ ဟိန်းထက်အောင် တို့လည်း မပါ၀င်ခဲ့ပါဘူး။ တိုက်စစ်မှူး အောင်သူ၊ ဇင်မင်းထွန်းနှင့် အောင်ကောင်းမာန်တို့လည်း ပါ၀င်ခဲ့ခြင်းမရှိပါဘူး။


မြန်မာအသင်းက မေလ ၂၈ ရက်မှာ ဂျပန်လက် ရွေးစင်အသင်းနဲ့ ကစားရမှာဖြစ်ပြီး ကာဂျစ်ကစ္စတန်နဲ့ အိမ်ကွင်းပွဲစဉ်အဖြစ် ဂျပန်မှာပဲ ဆက်ကစားသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ ဘောလုံးသမားတွေအပါအဝင် ပြည်သူလူထုကို အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးနေချိန်မှာ ဂျပန်မှာဘောလုံးလာကန်တဲ့ မြန်မာဘောလုံးသမားတွေကို ဂျပန်ရောက်မြန်မာ့အရေးလှုပ်ရှားသူတွေက ကန့်ကွက်ဆန္ဒပြဖို့ စီစဉ်နေကြပါတယ်။

TTSoe
Sports Gaber
internet Source