Sports

” အက်ဘတ် အသင်းမှာ အထူးခြေစွမ်းပြ ကစားနိုင်တာကြောင့် ဒိန်းမတ် ယူ 16 အသင်း မှာ ရွေးချယ်ခံရတဲ့ ချင်းလူမျိုး မြန်မာကြယ်ပွင့် တိုက်စစ် ကစားသမား Phun Za Mang “






Unicode

အက်ဘတ် အသင်းမှာ အထူးခြေစွမ်းပြ ကစားနိုင်တာကြောင့် ချင်းလူမျိုး မြန်မာကြယ်ပွင့် တိုက်စစ် ကစားသမား Phun Za Mang သည် ဒိန်းမတ် ယူ 16 အသင်း မှာ ရွေးချယ်ခံခဲ့ရတာ တွေ့ရဘာတယ် ။

မတူပီကနေ ဒိန်းမတ်ကို ပြောင်းရွေ့ နေထိုင်နေတဲ့ Phun Za Mang ဆိုတဲ့ကစားသမားဖြစ်ပြီး အခုအခါမှာတော့ ဒိန်းမတ် ယူ 16 အသင်း မှာ ရွေးချယ်ခံခဲ့ရတာကြောင့် ပေါ်တူဂီ ယူ 16 နဲ့ ကစားမယ့် ခြေစမ်းပွဲမှာ ပါဝင်ကစားရတော့မှာ ဖြစ်တယ်လို့ ချင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

Phun Za Mang သည် Esbjerg အသင်းမှာကစားနေသူဖြစ်ပြီး ဒိန်းမတ် ယူ 12 အတွက်လည်း ကစားပေးခဲ့ပြီးပြီလို့သိရပါတယ်။ Denmark’s Got Talent ပြိုင်ပွဲမှာလည်း ဘောလုံးစွမ်းရည်ပြသခဲ့ဖူးပြီး သူ့ရဲ့အရည်အချင်းကြောင့် လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။

လီဗာပူးလ်အသင်းအတွက် ကစားပေးဖို့အတွက် အိပ်မက်ရှိတယ်လို့ ပြောကြားခဲ့ဖူးတဲ့ Phun Za Mang ဟာ တိုက်စစ် မှာ ကစားနိုင်တယ်လို့လည်း သိရပါတယ်။ ဒိန်းမတ် ယူ 16 အသင်းရဲ့ ပေါ်တူဂီနဲ့ ခြေစမ်းပွဲကိုတော့ ဇွန်လ 3 ရက်နေ့နဲ့ 5 ရက်နေ့တွေမှာ 2 ပွဲကစားသွားမှာဖြစ်ပြီး ပေါ်တူဂီမှာ သွားရောက်ယှဉ်ပြိုင်ရမှာလို့လည်း ဆိုပါတယ်။

Phun Za Mang ရွေးချယ်ခံရတဲ့သတင်းကို သူ့ရဲ့ကလပ်အသင်းကလည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ သူ့အနေနဲ့ နိုင်ငံသားပြောင်းလဲခံယူခဲ့မယ်ဆိုပါက တချိန်မှာ ဒိန်းမတ်လက်ရွေးစင်အသင်းကြီးအတွက် ပါဝင်ကစားခွင့်ရရှိနိုင်မှာလည်းဖြစ်ပါတယ်။ တကယ်လို့ နိုင်ငံသားအဖြစ်ပြောင်းလဲထားခြင်းမရှိရင်တော့ မြန်မာအသင်းကို ကိုယ်စားပြုကစားခွင့်ရှိနေဦးမှာဖြစ်ပါတယ်။

ခ ရက် ဒစ်