Sports

ဗိုလ်လုပွဲမှာ ယူနိုက်တက်တ်ို့ ပွဲထွက်လာမည့် ခန့်မှန်းလူစာရင်း

ယူနိုက်တက်အသင်းဟာ ယနေ့ညမှာတော့ တစ်နာရီခွဲ အချိန်မှာ ဗီလာရီးရဲလ်အသင်းနဲ့ Gdansk ကွင်းကြီးထဲမှာ ယူရိုပါလိဒ် ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားတော့မှာဘဲဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ရိုးမားအသင်းကို ကြော်ဖြတ်ပြီး ဖိုင်နယ်ကို တက်လှမ်းခဲ့တာဘဲဖြစ်ပါတယ်။ ဗီလာရီးရဲလ်ကတော့ အာဆင်နယ်အသင်းကိုကြော်ဖြတ်ခဲ့တာဘဲဖြစ်ပ့တယ်။

ဗီလာရီးရဲလ်နည်းပြ အူးနိုင်း အင်မရီကတော့ ယူရိုပါလိဒ်အတွေအကြုံကောင်းတွေရှိတဲ့အတွက် ဆိုးရှားလ်ရယ့် ယူနိုက်တက်တို့ ဘယ်လိုပုံစံကစားသွားမလဲဆိုတာ စိတ်၀င်စားစရာပါ။ ယူနိုက်တက်အသင်းရယ့် အသင်းခေ့င်းဆောင် မက်ဂွိုင်းယားကတော့ ထိုပွဲစဉ်နဲ့ လွှဲခြော်မယ့် အခြေအနေမှာရှိနေပါတယ်။

ယူနိုက်တက်ရယ့် ပွဲထုတ်လာနိုင်မယ့် အခြေအနေကတော့ ဂိုးသမားနေရာမှာ ဒီဂီယာ နောက်တန်းမှာတော့ တွမ်ဇမ်ဘီ၊ လုရှော၊ လင်ဒီလော့၊ ဘစ်ဆာကာတို့ရှိနေပြီး အလယ်တန်းမှာ ဖရတ် ၊ တော်မီနေး၊ ဖာနန်ဒက်စ်၊ ပေါ့ဘာ ရှေ့တန်းမှာ ရက်ဖို့ဒ်နှင့် ကာဗာနီတို့ရှိနေပါတယ်။မက်ဂွိုင်းယား မပါနိုင်တဲ့အခြေအနေမှာ ယူနိုက်တက်တို့ နောက်တန်းမှာ ရုန်းကန်ရမယ့်အခြေအနေနှင့် ရင်ဆိုင်နေရပါတယ်။ ယူနိုက်တက်ရယ့် အဆိုပါပွဲစဉ်ဟာ ‌ဆုဖလား‌ တွေနဲ့ ဝေးကွာနေတဲ့အခြေအနေအနေမှာ ဖလားမျှော်လင့်ချက်အတွက် အရေးပါတဲ့ ပွဲစဉ်တစ်ပွဲဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ပရိတ်သတ်တွေ အားပေးကြမယ့် ပွဲကောင်းတစ်ပွဲဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source