Sports

ယူရိုပါလိဂ် ဖလားကို လက်လွှတ် ခဲ့ရတဲ့ အင်္ဂလန်မှ Come back king ကြီး

ဒီနေ့ ပွဲစဉ်မှာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ
အိုလီဂန်းနား ဆိုလ်းရှား

ကတော့ လူစာရင်းမှာ ပုံမှန် ပွဲထွက်နေကြ ကွင်းလယ်လူ ဖရက်(အသေးစားဒါဏ်ရာ

ရှိနေ ခဲ့တယ်လို့ ပွဲမစ ခင် ဆိုလ်းရှား မှ အတည်ပြု) နဲ့ ဒါဏ်ရာ ရနေတဲ့

မက်ဂွားယား ကလွဲပြီး လူစုံအကုန်ထည့် သွင်းကာ အကောင်းဆုံး သော လူစာရင်းကို ပွဲ

ထုတ်သွားခဲ့ပါတယ်။ ဂိုးသမားနေရာဒီဂီယာနောက်တန်း
မှာ ဘိုင်လီ နဲ့ လင်ဒီလောဒ့်

တို့ ကို တွဲဖက် စေပြီး ခံစစ် အစွန်လူတွေ အဖြစ် ရှောနဲ့ ဘစ်စာကာတို့ ကပွဲထွက် လာခဲ့ပါတယ်။

ကွင်းလယ်မှာလည်း ပုံမှန် ပွဲထွက်နေကြ ဖရက်၊ တော်မီနေးအစား ပေါ့ဘာ တော်မီနေးကို

ပွဲထုတ်လာပြီး ဖာနန်ဒက်ကို ၀န်းရံစေကာ တိုက်စစ် နေရာမှာ ဂရင်းဝုဒ် နဲ့ ရက်ဖို့ ကို

တောင်ပံတစ်ဖက် တစ်ချက်စီ ပွဲထွက်စေကာ ကာဗာနီကို အထောင် ထားပြီး ပွဲထုတ်လာ ခဲ့ပါတယ်။

ဗီလာရီးရဲလ် အသင်းက‌လည်း ၎င်းတို့ ရဲ့ အတောင့်တင်း
ဆုံး ပုံစံ အတိုင်း ဘက်ကာနဲ့

မာရီနိုတို့ တိုက်စစ် အတွဲ နဲ့ ယူနိုက်တက် ပစ်မှတ် နောက်ခံလူ ပေါလ်တောရက်

အပါအ၀င် အမာခံကစားသမား တွေ နဲ့ အတောင့် တင်းဆုံး လူစာရင်းကို ပွဲထုတ်လာ ခဲ့ပါတယ်။

ပထမပိုင်း စစချင်းမှာ ပဲ ယူနိုက်တက် တို့ က တစ်ဖက် သတ်ဆို သလို ဘောလုံးကို လိုသလို ကိုင် ပြီး ဖိအား

ပေးနိုင်ခဲ့ပေမယ့် တစ်ဖက် ဂိုး ဧရိယာ ထိပ်ကို တောင် ရောက်ဖို့ မလွယ်ကူခဲ့ပါဖူး။

အထူးသဖြင့် ဗီလာရီးရဲလ် အသင်းရဲ့ တစ်သင်းလုံးနီးပါး နောက်တန်းမှာ ပိတ်ဆို့ထားပုံကို

ယူနိုက်တက် တို့ ဘလို နည်း နဲ့ မှ ကျော် ဖြတ်လို့ မရဘဲ နဲ့ ဘောလုံးက အပျက်များနေခဲ့ပါတယ်။

ဒီလိုနဲ့ ပွဲကစားချိန် ၂၇ မိနစ် မှာတော့ ဗီလာရီးရဲလ် တို့ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

အဆိုပါ ဂိုးကိုတော့ ကွင်းလယ် လောက်က ရရှိတဲ့ တည်ကန်ဘောကို ဂိုးဧရိယာထဲ က

တစ်ဖက်တိုက်စစ်မှုး ဂျရတ်မိုရီနို က ပိတ်သွင်းသွားခဲ့တာပဲ ဖြစ်ပါတယ်။အဆိုပါ ဂိုးကတော့

လင်ဒီလောဒ့်ရဲ့ အမြင့်ဘော ညံ့ဖျင်းမှု သံဿယ မကင်း တာလည်း ပါ၀င်ပြီးတော့

မက်ဂွားယား မပါတဲ့ ယူနိုက်တက် ခံစစ်က တည်ကန်ဘောတွေ ပေးရတိုင်း ဘုရား တနေ ခဲ့ရပါတယ်။

ပထမပိုင်း မှာ ဗီလာရီးရဲလ် အသင်းက ၁-၀ နဲ့ သာ ဦးဆောင်သွားပြီး ပြီးဆုံး သွားခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်လည် စတင်ချိန်မှာ ယူနိုက်တက် တို့ ထပ်မံဖိအားပေးတိုက်စစ် ဆင်ခဲ့ပြီး ပွဲကစားချိန် မိနစ်

၆၀ နီးပါးမှာတော့ ယူနိုက်တက် တို့ချေပ ဂိုးပြန်လည် ရရှိခဲ့ပါတယ်။ တိုက်စစ်မှုး ကာဗာနီ ကသွင်း ယူပေးခဲ့

တာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ ယူနိုက်တက် တို့ ထပ်မံဖိအားပေးခဲ့ပြီး တိုက်စစ်မှုးကာဗာနီရဲ့ ခေါင်းတိုက်

မှု ၊ ကန်သွင်းချက်တွေ တစ်ဖက် နောက်တန်း ကွာကွယ်မှုကြောင့် ပွဲအပြီး မှာ သရေရလဒ်နဲ့ ပြီး ဆုံး ခဲ့ပြီး အချိဋ်

ပိုကို ရောက်ရှိခဲ့ရပါတယ်။ အချိန်ပိုမှာ လည်း ဂိုးရရှိရေးထက် ဂိုး မပေးရရေး ကို

သာ ဦးတည် ကစားခဲ့ကြပီး အချိန်ပို ထပ်မံပြီးဆုံးသွားခဲ့ပါတယ်။

ပင်နယ်တီမှာတော့ တစ်ဖက်ကို ၁၁ ကြိမ် အထိ ကန်ခဲ့ရပြီး နောက် ဆုံးမှာ ဂိုးသမား ဒီဂီယာ ရဲ့ ပင်နယ် တီ

လွဲချော်မှု နဲ့ အတူ ယူနိုက်တက် တို့ ယူရိုပါလိဂ် ဖလားကို လက်လွှတ် ခဲ့ရပါတယ်။

ဒီဂေး ရယ် မင်း ကို လည်း အပြစ် တွေ မတင် ရပ် ပါဖူး ကွာ Congratulation ပါ ဗီလာရီးရဲလ်ရေ။

ကရက်ဒစ်