Sports

မျက်ရည်တွေနဲ့ ပြီးဆုံးခဲ့ရတဲ့ ယူရိုပါလိဂ် ဗိုလ်လု ပွဲအပြီး သတိထားမိသော အချက်တစ်ချို့

မျက်ရည်တွေနဲ့ ပြီးဆုံးခဲ့ရတဲ့ ယူရိုပါလိဂ် ဗိုလ်လု ပွဲအပြီး သတိထားမိသော အချက်တစ်ချို့

ယူနိုက်တက် အသင်း နဲ့ ဗီလာရီးရဲလ် အသင်းတို့ ရဲ့ ယူရိုပါလိဂ် ဗိုလ် လုပွဲဟာ တစ်ဖက် ၁ ဂိုးစီ သရေ ရလဒ်နဲ့

ပြီး ဆုံးခဲ့တာ ကြောင့် နောက် ဆုံး ပင်နယ်တီအထိ သွားခဲ့ရပြီး ဒီဂီယာ ရဲ့ လွဲချော်မှု နဲ့ အတူ ယူနိုက်တက် တို့

ရှုံးနိမ့် သွားခဲ့ရပါတယ်။ အဆို ပါပွဲစဉ် အပြီးမှာတော့ သတိထားမိလိုက်တဲ့

အချက် ၃ ချက်ကို ဖေါ် ပြပေးလိုက်ပါတယ်။
နံပါတ်တစ်- ဆိုလ်းရှား-ဒီပွဲစဉ်ကို ယူနိုက်တက်နည်း ပြ

ဖြစ်သူ ဆိုလ်းရှားတစ်ယောက် အတော်လေး ပြင်ဆင်လာပုံရပါတယ်။ ဆရာဖြစ်သူ ကို ကွင်းထဲ ထိခေါ်ဆောင်

လာတဲ့ အပြင် ဆိုလ်းရှား ရဲ့ အပေါ် အင်းကျီ ကလည်း အရင် ဝတ်တေကျ ပုံ စံ‌ မဟုတ်ဘဲ အတော်လေး ကို ထူး

ထူး ခြားခြား ကွာခြားနေခဲ့တာ ကို မြင်တွေ့ခဲ့ရပါတယ်။
ဒါ‌အပြင် ကွင်းအတွင်း ကစားသမား တွေကို ဘေးက

နေ ဒေါသ တကြီး အော်ဟစ် နေတာ ကို မြင်တွေ့ခဲ့ရတော့ ဆိုလ်းရှားမှာ ဟုတ်ပါလေမလား လို့ တွေး မိရပါ

သေးတယ်။ဒါပေမယ့် ရှုံးနိမ့် မှု နဲ့ အတူ ဆိုလ်းရှား ရဲ့ မှန်းချက် က နှမ်းထွက်နဲ့ မကိုက် ခဲ့ရပါဖူး။

ဆိုလ်းရှားရဲ့ ပထမဆုံး ဆုဖလား အိမ်မက်ကလည်း အချိန်မကျရောက်သေးဖူးထင်ပါတယိဗျာ။

နံပါတ် နှစ်- မက်ဂွားယား မပါတဲ့ ယူနိုက်တက် ခံစစ်၊ ခင်ဗျားတို့ တော့ မသိပါဖူး ကျနော်က တော့ ဒီနေ့ ည ပွဲ

မှာ တစ်ဖက် အသင်းက တည်ကန်ဘောတွေ ၊ထောင့်ကန် ဘောတွေ ရတိုင်း တကယ် ဘုရားတနေ ခဲ့ရတာ

ပါ။ အထူးသဖြင့် လင်ဒီလောဒ့် ဖြစ်ပြီး တော့ ပေးလိုက်ရတဲ့ ဂိုးက လည်း လင်ဒီလောဒ့်ရဲ့ အမြင့် ဘောညံ့ဖျင်း

မှု နဲ့ သံသယ မကင်းခဲ့ပါဖူး။ဒီရာသီ မှာ ယူနိုက်တက် တို့ မဖြစ်မနေ အရည်သွေးမြင့်

နောက်ခံလူတစ်ဦး ခေါ်ယူရမယ် လို့ မြင်မိပါတယ်။နံပါတ် သုံးအနေနဲ့ ကတော့

ပင်နယ်တီ နဲ့ ကံမစပ် တဲ့ ဒီဂီယာ ကို ပဲ ပြောပါ ရစေ။

ဒီဂီယာ တစ်ယောက် ယူနိုက်တက် ကို ရောက်လာတည်းက ပင်နယ်တီ နဲ့ ပါတ်သတ်ရင် အတော်လေးကို လူ

ပြောများခဲ့သူ ဖြစ်ပါတယ်။မှဝ်မှတ်ရရ ဒီဂီယာ ပင်နယ်တီပုတ်တာ ၂ လုံးသာ တွေ့ဖူး ပြီး (မှတ်မိသလောက်)

အဆိုပါ နှစ်လုံးဟာ လည်း ယူနိုက်တက် တိုက်စစ်မှုး ဟောင်းတွေ ဖြစ်တဲ့ လူကာကူနဲ့ ဗန်ပါစီတို့ ရဲ့ ညာဘက်

ထောင့်ကို လှိမ့်ဘော ကန်ချက်တွေပဲ ဖြစ်နေတာတွေ့ရပါတယ်။အခု ညမှာတော့ ဒီဂီယာတစ်ယောက် ပင်နယ်

တီ ကန်သွင်း မှု ဂိုး မဝင်မှု နဲ့ အတူ ယူနိုက်တက် တို့ ဖလားတစ်လုံး လက်လွှတ်လိုက်ရပါပြီ။ အပစ်မတင်ရက်ပါဖူး ဒီဂေးရယ်။ အမြင်လေးတမျှဝေကြပါဦးဗျာ။

By Man U Fan Forever