Local News

UEFA ဖိုင်နယ်ပွဲစချိန်မှာ မန်ယူဖန်ဖြစ်တဲ့ ညီညီနဲ့ဝေယံထွန်းတို့ ပြောခဲ့တဲ့စကားတွေကို ပြန်သတိရပြီး လွမ်းဆွတ်တမ်းတနေကြတဲ့ ပြည်သူများ

ဒီကာလအတွင်းမှာ အသက်တွေပေးဆပ်ခဲ့ရတဲ့ သူရဲကောင်းတွေကတော့ ပြည်သူတွေရဲ့ရင်ထဲမှာ မမေ့ပျောက်နိုင်လောက်အောင်ကို နေရာယူထားဆဲ ဖြစ်ပါတယ် ။ ပြည်သူတွေက သူတို့မျှော်မှန်းထားတဲ့ ရည်မှန်းချက်အိပ်မက်တွေအတွက် ဆက်လက်တိုက်ပွဲဝင်နေကြပေမယ့် ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့အကြောင်းကို အမြဲတမ်းအမှတ်ရနေတာ ဖြစ်ပါတယ် ။ မနေ့ကဆိုရင်လည်း “UEFA Europa League Final” ပွဲစတဲ့အချိန်မှာ မန်ယူဖန်ဖြစ်တဲ့ သူရဲကောင်းလေးနှစ်ယောက်ကို သတိနေရကြတာ ဖြစ်ပါတယ် ။

လှည်းတန်းကျောင်းရှေ့မှတ်တိုင်မှာ ကျဆုံးခဲ့တဲ့ သူရဲကောင်းလေး ညီညီအောင်ထက်နိုင်နဲ့ မန္တလေး (၄၁)လမ်းညစျေးမှာ ကျဆုံးခဲ့တဲ့ သူရဲကောင်းလေး ဝေယံထွန်းတို့ကတော့ မန်ယူဖန်တွေပဲ ဖြစ်ကြပါတယ်။ ဒါကြောင့်ပြည်သူတွေက သူတို့နှစ်ယောက်အတွက် မနေ့ညက UEFA Final ပွဲမှာ မန်ယူကိုအားပေးကြမယ်ဆိုပြီး ပြောခဲ့ကြတာ ဖြစ်ပါတယ် ။ “ညဘက်ဘောလုံးပွဲကြည်ဖို့ ဖုန်းလေးတစ်လုံးလောက် လိုချင်တယ်”ဆိုတဲ့ ဝေယံထွန်းနဲ့ “မန်ယူနိုင်ရင် သူငယ်ချင်းတွေကို လေပတ်တိုက်မယ်”ဆိုတဲ့ ညီညီတို့ရဲ့စကားတွေက ပြည်သူတွေရင်ထဲထိရောက်စေခဲ့တာ ဖြစ်ပါတယ် ။

ဘောလုံးဝါသနာရှင် ပရိသတ်တွေကတော့ အခုလိုပွဲမျိုးကို ညီညီနဲ့ဝေယံထွန်းတို့လည်း ကြည့်ချင်နေကြမယ်ဆိုတဲ့စိတ်နဲ့ သူတို့အတွက် စိတ်မကောင်းဖြစ်နေကြတာလည်း ဖြစ်ပါတယ် ။ သူတို့အတွက် ရည်ရွည်ပြီး ပြည်သူတွေရေးသားထားတဲ့ ရင်တွင်းစကားတွေကလည်း ဖတ်ရှုသူအဖို့ မျက်ရည်ပါဝဲမိစေလောက်တာ ဖြစ်ပါတယ် ။ ကျဆုံးသွားတဲ့ ညီညီနဲ့ ဝေယံထွန်းတို့အပါအဝင် သူရဲကောင်းတွေအားလုံး ကောင်းရာမွန်ရာဘုံဘဝကို ရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။ကရက်ဒစ်

Source & Photo Credit-Original Uploader