Sports

ဒီဂီယာရယ့် ယူနိုက်တန်ခရီးဟာ အဆုံးသတ်ချိန်ရောက်ပြီလား

က်တက်အသင်းဟာ ယူရိုပါလိဒ်ဗိုလ်လုပွဲမှာ တစ်ဂိုးစီ သရေကျကာ ပင်နယ်တီအဆုံးအဖြတ်ဖြင့် ဗီလာရီးရဲလ်အသင်းကို ရှုံးနိမ့်ခဲ့ပြီး ဆုဖလားနဲ့ ဝေးကွာခဲ့ရပါတယ်။ ထိုရှုံးနိမ့်မှုအပြီးမှာ ယူနိုက်တက်ရယ့် ဂိုးသမားဖြစ်တဲ့ ဒေးဗစ် ဒီဂီယာ တစ်ယောက် ဝေဖန်မှုတွေမြင့်တက်လာခဲ့ပါတယ်။ ဒီဂီယာကို စပိန်လက်ရွေးစင်ဂိုးသမားကြီးက စပိန်ကလပ်အသင်းကို ဖလားပေးလိုက်တယ်လို့တောင် လူပြောများခဲ့ရပါတယ်။

ဒီဂီယာ လို့ပြောလိုက်တိုင်း ယူနိုက်တက်ရယ့် ဂိုးပေါက်မှာ အမြဲလိုလို လက်စွမ်းပြခဲ့ပြီး နည်းပြဟောင်း ဖာဂူဆန်ချန်ခဲ့တဲ့ အမွေလို့တောင် ပြောစမတ်ပြုကြပါတယ်။ တစ်ချိန်က ရွှေထီးဆောင်းခဲ့ပေမယ့် ယခုနောက်ပိုင်းမှာ လက်စွမ်းသိပ်မပြနိုင်ခဲ့လို့ ဝေဖန်ခံရမှုတွေရှိလာပါတယ်။ ဒီဂီယာရယ့် ပင်နယ်တီကာကွယ်မှုမှာလည်း ဝေဖန်သံတွေ ပြင်းထန်ခဲ့ပါတယ်။

Transfermarktရဲ့အချက်အလက်တွေအရ ဒေးဗစ်ဒီဂီယာနောက်ဆုံးကာကွယ်နိုင်ခဲ့တဲ့ ပင်နယ်တီဟာ ၂၀၁၅-၂၀၁၆ရာသီမှာဖြစ်ပါတယ် ပိုပြီးအတိအကျပြောရမယ်ဆိုရင် ၂၀၁၆ခုနှစ် ဧပယ်လ ၂၃ရက်နေ့ လွန်ခဲ့တဲ့ ၅နှစ်တုန်းကပဲဖြစ်ပါတယ်။ FA ဖလားပွဲစဥ် အဲဗာတန် နှင့် ယူနိုက်တက် တို့တွေ့ဆုံခဲ့တုန်းက အဲဗာတန် အသင်းတိုက်စစ်မှူး လူကာကူရဲ့ပင်နယ်တီကန်သွင်းမှုကို ဒေးဗစ်ဒီဂီယာမှကာကွယ်ပုတ်ထုတ်နိုင်ခဲ့ပါတယ်။ ထိုကာကွယ်မှုအပြီး ပင်နယ်တီ 36လုံးဆက်တိုက် တစ်လုံးမှ မကာကွယ်နိုင်ခဲ့ပါဘူး။

ကမ္ဘာအဆင့်ကစားသမားမှာ ရှိသင့်တဲ့ လက်စွမ်းမျိုးမပြနိုင်ခဲ့တဲ့ ဒီဂီယာတစ်ယောက် ယူနိုက်တက်နှင့် လမ်းခွဲတော့မယ့် အခြေအနေထိဖြစ်လာပါတယ်။ ယူနိုက်တက်မှာ လက်ရှိ ဟန်ဒါဆန်ရှိနေပြီး ဗီလာ ဂိုးသမား တွန်ဟမ်တန် ပါ ရောက်ရှိတော့မည့်အခြေအ‌နေမှာပါ။ ဒီဂီယာအနေနဲ့ ဆရာဟောင်း မော်ကြီးရှိတဲ့ ရိုးမား အသင်း နှင့် နာဗတ်စ်နဲ့ စာချုပ်သက်တမ်းကုန်လို့ ဂိုးသမားလိုအပ်နေတဲ့ PSGအသင်း‌တို့နဲ့ သတင်းတွေထွက်နေပါတယ်။ ယူနိုက်တက်ရယ့် ဂိုးပေါက်မှာ အချိန်အတော်အတန်ကြာ ရှိနေခဲ့‌တဲ့ ဒီဂီယာတစ်ယောက် အဆုံးသတ်ချိန်ရောက်ပြီလားဆိုတာ စောင့်ကြည့်ရမှာဘဲဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source