Local News

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုတင်ထွဋ်ပိုင်ကို ဖမ်းဆီးရာတွင် မမိ၍ အမေဖြစ်သူကို ဖမ်းဆီးပြီး ထောင် ၃ နှစ်ချမှတ်

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုတင်ထွဋ်ပိုင်ကို ဖမ်းဆီးရာတွင် မမိ၍ အမေဖြစ်သူကို ဖမ်းဆီးပြီး ထောင် ၃ နှစ်ချမှတ်

စစ်အာဏာရှင်ဆန့်ကျင်ရေး တွင် တက်ကြွစွာ ပါဝင်နေသူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုတင်ထွဋ်ကို အကြမ်းဖက်စစ်ကောင်စီတပ်များက ဝင်ရောက် ဖမ်းဆီးရာတွင် မမိ၍ အမေဖြစ်သူ ဒေါ်မိငယ်(ခ) ဒေါ်ငယ်လေးကို ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ကြောင်း သိရှိရသည်။

ကိုတင်ထွဋ်ပိုင်ကို မေလ ၂ ရက်နေ့ မြောက်ဥက္ကလာပနေအိမ်တွင် လာရောက် ဖမ်းဆီးရာ မမိသဖြင့် မိခင်ဖြစ်သူ ဒေါ်မိငယ်(ခ) ဒေါ်ငယ်လေးကို ရိုက်နှက်ဖမ်းဆီးသွားပြီး ယနေ့တွင် စစ်ကောင်စီ၏ တရားရုံးက နိုင်ငံတော်အကြည် ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၃နှ စ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“တင်ထွဋ်ပိုင်ကိုဝင်ဖမ်းတာ မမိလို့ သုအမေကို ရိုက်နက်ဖမ်းခေါ်သွားပြီး အခု ထောင်ချလိုက်တာပဲ။ ဒါက ကျွန်တော်တို့နိုင်ငံမှာ ယခင်ကလည်း ဖြောင့်မတ်မှန်ကန်တဲ့ တရားစီရင်ရေးဆိုတာ မရှိဘူး။ အာဏာသိမ်းပီးတော့ ပိုပီးတော့ ဆိုးသွားတာ အားလုံးမြင်တဲ့အတိုင်းပဲ။ ခုခံချေပခွင့်မရှိ ပွင့်လင်းမြင်သာတဲ့ တရား စီရင်ရေးလည်းမဟုတ်ဘူး။ သေနတ်ပြောင်းဝကလာတဲ့ တရားစီရင်ရေးဆိုတော့ အာဏာသိမ်းစစ်ကောင်စီက သူတို့လုပ်ချင်သလိုလုပ်နေတာပဲလေ။ ဘယ်လိုမှ တရားမျှတမှုမရှိတဲ့ စစ်ကောင်စီလက်အောက်က ဒီတရားစီက စစ်ကောင်စီသက်ဆိုးရှည်နေသမျှ ဒီအတိုင်းပဲ သွားနေမှာ” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးသိန်းအောင်မြင့်က ပြောဆိုသည်။

ကိုတင်ထွဋ်ပိုင်၏ မိခင် ဒေါ်မိငယ်(ခ) ဒေါ်ငယ်လေးသည် နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးဖြစ်ကြောင်း သိရှိရသည်။ကရက်ဒစ်

Unicode




