Sports

အသင်းပြောင်းမည်ဖြစ်ကြောင်း အသင်းဖော်များကို ရော်နယ်ဒိုဖွင့်ဟ

ရော်နယ်ဒိုက ဂျူဗင်တပ်အသင်းမှ ကစားဖော်များကို လာမည့်နွေရာသီတွင် သူ့အနေဖြင့် အသင်းပြောင်းမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။ ၂၀၁၈ တွင် တူရင်မြို့သို့ ပြောင်းရွှေ့ခဲ့သည့် ရော်နယ်ဒိုသည် အသင်းသို့ ရောက်ကတည်းက စီးရီးအေဖလားကို ပုံမှန်ဆွတ်ခူးနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ချန်ပီယံဆုကို အင်တာမီလန်သို့ လွှဲပြောင်းပေးခဲ့ရသည်။

ww

အသက် ၃၆ နှစ်အရွယ်ရှိ ရော်နယ်ဒိုသည် ယခုနှစ်တွင် စီးရီးအေ ၂၉ ဂိုးသွင်းပြီး ဂိုးသွင်းဘုရင်ဆုကို ရရှိခဲ့သော်လည်း အသင်းအောင်မြင်မှု မရရှိခြင်းကြောင့် တူရင်မြို့မှ ထွက်ခွာလိုခြင်းဖြစ်သည်။ ရော်နယ်ဒိုသည် ၂၀၂၂ ဇွန်အထိ စာချုပ်သက်တမ်းရှိသော်လည်း လာမည့်အပြောင် းအရွှေ့တွင် အသင်းပြောင်းမည်ဟု ရေပန်းစားနေသည်။ ရော်နယ်ဒိုက အသင်းပြောင်းလိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟု အီတလီအား ကစားမီဒီယာတစ်ခုက ထုတ်ဖော်ရေးသားခဲ့သည်။ ရော်နယ်ဒိုသည် အသင်းဟောင်းဖြစ်သော မန်ယူနှင့် စပို့တင်းအသင်းများသို့ ပြောင်းရွှေ့ရန်ရှိသည်ဟု သတင်းများထွက်ပေါ်နေပြီး အခြားအသင်းဟောင်းတစ်သင်းဖြစ်သော စပိန်ကလပ် ရီးရဲမက်ဒရစ်ကလည်း ၎င်းကိုပြန်ခေါ်လိုသည်။ ရော်နယ်ဒိုသည် ဂျူဗင်တပ်နှင့် ၃ နှစ်ကစားရာတွင် ပြိုင်ပွဲစုံ ၁၀၁ ဂိုးသွင်းကာ ၂၂ ဂိုးဖန်တီးပေးထားသည်။