Local News

စစ်ဘေးရှောင်တောင်ပေါ်ဒေသလေးမှာ မီးမရှိတဲ့ကြားကနေ ထိခိုက်ဒဏ်ရာရနေတဲ့လူနာအတွက်ဆေးကုပေးနေတဲ့ ဆရာ၀န်မလေး

စစ်ဘေးရှောင်တောင်ပေါ်ဒေသလေးမှာ မီးမရှိတဲ့ကြားကနေ ထိခိုက်ဒဏ်ရာရနေတဲ့လူနာအတွက်ဆေးကုပေးနေတဲ့ ဆရာ၀န်မလေး

တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတဲ့ အလျောက်စစ်ဘေးရှောင်ပြည်သူတွေလည်းတစ်ဆထက် တစ်ဆတိုးပွားလာနေပြီး တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေမှာလည်းအခက်အခဲဒုက္ခတွေများစွာကြုံတွေ့နေရပြီး အစားအသောက်၊ဆေးဝါးပစ္စည်းတွေ လုံလုံလောက်လောက်မရှိကြတဲ့အတွက် စစ်ဘေးရှောင်ရင်း အသက်သေဆုံးသွားကြရတဲ့ပြည်သူတွေလည်း ရှိလာနေတယ်လို့သိရပါတယ်။

အစားအသောက်နဲ့ဆေးဝါးလုံလုံလောက်လောက်မရရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ပြည်သူတို့ဘက်ကနေ တတ်နိုင်သရွေ့လှူဒါန်းမှုတွေပြုလုပ်ပေးနေကြတာပါ။ လှူဒါန်းသူတွေရှိနေပေမယ့်လည်းသွားလာရေးခက်ခဲမှုတွေနဲ့ ဆေးရုံ ဆေးခန်းမရှိတဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ ဒုက္ခတွေတွေ့ကြုံခံစားနေကြရပါတယ်။ ဒီလိုအခက်အခဲတွေကြားကနေ စေတနာရှင်ဆရာ၀န်မလေးတစ်ယောက်ကတော့ စစ်ဘေးရှောင်ပြည်သူတွေဆီအရောက်သွားကာ ဆေးကုသမှုတွေပြုလုပ်ပေးနေတာဖြစ်ပါတယ်။

မကြာသေးခင်က သူမရဲ့ Facebookစာမျက်နှာမှာလည်း စစ်ဘေးရှောင်ဒေသကပြည်သူတစ်ယောက်ကို မီးမရှိတဲ့ကြားကနေ Operationပြုလုပ်ပေးနေတဲ့ပုံလေးတွေကိုတင်ပေးလာခဲ့ပါတယ်။ ထိုသူမှာ ဝါးရှသဖြင့် နှာခေါင်းပြတ်လုနီးပါးဖြစ်ခဲ့တာကြောင့်အရေးပေါ်ဆေးကုသမှုပေးခဲ့ရတာပါ။ အခုလိုမွန်မြတ်လှတဲ့ အဖြစ်အပျက်လေးကိုပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Crd