Articles Sports

ယူနိုက်တက်ရယ့် ခေါ်ယူဖို့ ပစ်မှတ်ဖြစ်လာတဲ့ ၀က်စ်ဟန်းကြယ်ပွင့် ဒီကလန်ရိုက်စ်

ယူနိုက်တက်အသင်းဟာ အသင်းရယ့် လိုအပ်နေတဲ့ ‌ကွင်းလယ်အဖြတ်နေရာ အတွက် ၀က်စ်ဟန်းကွင်းလယ်လူ ဒီကလန်ရိုက်စ် ဟာ အဓိက ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ ယူနိုက်တက်ကွင်းလယ်မှာ အဖြတ်ကစားနိုင်ဖို့ လိုအပ်နေတာ ပရိတ်သတ်တိုင်းသိကြပါတယ်။

ကွင်းလယ်ပြသနာ‌တွေအတွက် ဖရတ်နှင့် မာတစ်တို့ရှိပေမယ့် ဆိုးရှားလ်အနေနဲ့ ကောင်းကောင်းအသုံးမချနိုင်ခဲ့ပါဘူး။ ၀က်စ်ဟမ်းအသင်းမှာ အငှားချထားတဲ့ လင်ဂတ်‌ကတော့ ခြေစွမ်းပြကစားနိုင်ထားပါတယ်။ ယူနိုက်တက်တို့အနေနဲ့ လင်ဂတ်နှင် ဒီကလန်ရိုက်စ် တို့ အလှဲအလှယ်လုပ်လာနိုင်တယ့်အခြေအနေလည်း ရှိပါတယ်။ ဒီကလန်ရိုက်စ်ဟာ ချဲလ်ဆီးအသင်းကနေ 2013မှာ ၀က်စ်ဟမ်းသို့ပြောင်းရွေ့လာပြီး ၀က်စ်ဟမ်းနဲ့ အသားကျနေတဲ့ ကစားသမားရှိပါတယ်။

လင်ဂတ်အနေနဲ့လည်း ၀က်စ်ဟမ်းနည်းပြ မိုယက်စ် က အကြိုက်တွေ့နေပြီး ကစားသမားကိုယ်တိုင်က ပြောင်းရွေ့လိုစိတ်ရှိနေပါတယ်။ ဒီကလန်ရိုက်စ်ကို ချဲလ်ဆီးအသင်းနဲ့ မန်စီးတီးတို့ကတော့ ယူနိုက်တက်ထက်အရင် စိတ်၀င်စားခဲ့ပါတယ်။ ချဲလ်ဆီးနည်းပြ တူချယ်ကတော့ ဒီကလန်ရိုက်စ်ကို သဘောကျကြောင်း အတိအလင်းပြောဆိုထားပြီး ခေါ်ယူဖို့စိတ်၀င်စားနေပါတယ်။

ယူနိုက်တက်တို့ကတော့ လင်ဂတ်နဲ့ လဲလှယ်ပြီး ခေါ်ယူဖို့အားသန်နိုင်ပြီး ယခုအပြောင်းအရွေမှာ ဒီကလန်ရိုက်စ် အနေနဲ့ ရောက်ရှိပြီးခြေစွမ်းပြနိုင်မလား စောင့်ကြည့်ရမှာဘဲဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source