Sports

ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် ဂျပန်နဲ့မြန်မာ ဂျပန်က မြန်မာကို ၁၀ ဂိုးပြတ်အနိုင်ရ

ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် ဂျပန်နဲ့မြန်မာလက်ရွေးစင်အသင်းတို့ ဒီနေ့ညနေ ယှဉ်ပြိုင်ကစားကြရာမှာ ဂျပန်အသင်းက မြန်မာအသင်းကို ၁၀ ဂိုး ပြတ် အနိုင်ရသွားပါတယ်။

ဂျပန်အသင်းက ပထမပိုင်းမှာ ပင်နယ်တီ ၁ ဂိုးအပါအဝင် ၄ ဂိုးသွင်းယူပြီး ဒုတိယပိုင်းမှာတော့  ၆ ဂိုးထပ်သွင်းယူပြီး စုစုပေါင်း ၁၀ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားတာပါ။

ပွဲမစတင်မီ မြန်မာဘောလုံးအသင်းသား တစ်ဦးက လက်သုံးချောင်း သင်္ကတနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဂျပန်ရောက် မြန်မာပရိသတ်တွေကတော့ ပွဲမစတင်ကတည်းက ကွင်းပြင်မှာ  မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို လာရောက် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ကရက်ဒစ်