Sports

ယူရိုပါလိဂ်ဖိုင်နယ် အပြီးမှာ US သမ္မတဟောင်း အိုဘားမား နဲ့ တွေ့ဆုံခဲ့တဲ့ မားကပ် ရက်ဖိုဒ့်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးလေး မားကပ် ရက်ဖိုဒ့် အတွက်တော့ ယူရိုပါလိဂ် ဖိုင်နယ် က ရှုံးနိမ့်မှု နဲ့ ပတ်သက်ပြီး ပူဆွေး သောက ရောက်နေဖို့ အချိန် မရှိခဲ့ ပါဘူး ။ ဒုတိယ ဆု ဆိုတာ ဘာမှ မဟုတ်ဘူးလို့ ပိုလန် မြေပေါ်က ဖိုင်နယ် အပြီး ပြောဆို ခဲ့တဲ့ ရက်ဖိုဒ့် ဟာ ယမန်နေ့ က အမေရိကန် သမ္မတဟောင်း ဘာရက် အိုဘားမား နဲ့ ဗီဒီယို ကွန်ဖရန့် က တဆင့် တွေ့ဆုံ စကားပြောခဲ့ တယ်လို့ သိရ ပါတယ် ။

ရက်ဖိုဒ့် ဟာ ကိုဗစ် ကာလ အတွင်းက ဗြိတိန် ဒေသတွင်းမှာ ရှိတဲ့ ကျောင်းနေ အရွယ် ကလေးတွေ အတွက် အစားအသောက် ထောက်ပံ့မှုကို ဆက်လက် ပြုလုပ်ပေးဖို့ ဗြိတိန် အစိုးရကို ဦးဆောင် တောင်းဆို ခဲ့မှု အတွက် နာမည်ကောင်း နဲ့ ကျော်ကြား ခဲ့ပြီး ဗြိတိန် ဘုရင်မကြီးရဲ့ MBE ဘွဲ့ကိုပင် ရရှိ ခဲ့ ပါတယ် ။

အသက် ၂၃ နှစ်သာ ရှိသေးပေမယ့် ရက်ဖိုဒ့် ဟာ ပရဟိတ လုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင် နေသူ ဖြစ်ပြီး အမေရိကန် နိုင်ငံရဲ့ ၄၄ ယောက်မြောက် သမ္မတ ဖြစ်ခဲ့သူ အိုဘားမား နဲ့ တွေ့ဆုံ ချိန်မှာ လူငယ်တွေရဲ့ အခွင့် အရေး နဲ့ အခန်းကဏ္ဍ အကြောင်းတွေကို ပြောဆို ဆွေးနွေး ခဲ့ကြတယ်လို့ ကြားသိရ ပါတယ် ။

“ကျွန်တော် မားကပ်စ် လို လူငယ်တွေ အများကြီးတွေ့ ဖူးပါတယ် ၊ ကျွန်တော် ၂၃ နှစ်တုန်းက ရှိနေခဲ့တဲ့ နေရာထက် သူတို့တွေက ပိုပြီး ရှေ့ရောက် နေကြပါပြီ ။ သူတို့တွေက ဒီ အသက်အရွယ် မှာတင် ပြောင်းလဲမှု နဲ့ လူ့အသိုင်းအဝိုင်း အတွက် အပေါင်း လက္ခဏာ ဆောင်မယ့် အရာတွေကို လုပ်ကိုင် နေကြပါပြီ” လို့ အိုဘားမား က ရက်ဖိုဒ့် ကို ချီးကျုး စကား ဆိုသွားခဲ့ ပါတယ် ။

“ဒါက အိပ်မက်ဆန်လွန်း ပါတယ် ၊ ဟုတ်တယ် မလားဗျ ။ ကျွန်တော် က မန်ချက်စတာ က ကျွန်တော့ အိမ်ထဲက မီးဖိုချောင်ထဲမှာ ထိုင်ပြီး အမေရိကန် သမ္မတဟောင်း နဲ့ စကားပြော နေရတာပါ ။ ဒါပေမယ့် သူက ကျွန်တော့ကို ချက်ချင်းပဲ သက်တောင့် သက်သာ ဖြစ်အောင် လုပ်ပေး ခဲ့ပါတယ်”

“ကျွန်တော်တို့ ငယ်ငယ်က ဘဝတွေဟာ ကိုယ်ဘယ်လို လူကြီး ဖြစ်လာမယ်ဆိုတာကို အဓိက တွန်းပို့ ပေးတဲ့ အရာဆိုတာကို ကျွန်တော် သတိပြုမိခဲ့ ပါတယ် ။ ဒါကြောင့် လူငယ်ဘ၀ ရဲ့ အချိန်တွေ ၊ အခန်းကဏ္ဍတွေ ဟာ အရေးပါတယ် ဆိုတာကို မစ္စတာ အိုဘားမား နဲ့ ဆွေးနွေး ခဲ့တာပါ” လို့ ရက်ဖိုဒ့် က ဆိုသွားခဲ့ ပါတယ် ။

သူတို့ ၂ ယောက်ရဲ့ ပြောဆို ဆွေးနွေးမှု အပြည့်အစုံ ကိုတော့ ဒီကနေ့ ညပိုင်းမှာ Penguin UK ရဲ့ Youtube Channel ကနေ ထုတ်လွှင့် သွားမှာ ဖြစ်တယ်လို့ သိရ ပါတယ် ။

SPORTS MYANMAR

Unicode








SPORTS MYANMAR