Sports

ပရီးမီးယားလိဒ်ကို ပြန်လည်ရောက်ရှိ လာတော့မယ့် တိုက်စစ်မှုး လူကာကူ

ချဲလ်ဆီးအသင်းဟာ အင်တာမီလန်တိုက်စစ်မှူး လူကာကူကို ပြန်လည်ခေါ်ယူရန်ကြိုးစားနေတယ်လို့သိရပါတယ်။ ချဲလ်ဆီးအသင်းရယ့် ကစားသမားဟောင်း လူကာကူကို ခေါ်ယူဖို့အတွက် ချဲလ်ဆီးအသင်းကစားသမားတွေဖြစ်တဲ့ အိုဒွိုင်း၊ ကီပါ၊ဘာကလေ၊ အေဘရာဟမ်နှင့် လော့တပ်ချိခ် တို့ကို ရောင်းချဖို့ ပြင်ဆင်နေပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ လူကာကူဟာ ယူနိုက်တက်ကနေ ပြောင်းရွေ့ပြီး အင်တာမီလန်အသင်းမှာ ခြေစွမ်းပြ ကစားခဲ့ပြီး စီးရီးအေချန်ပီယံဆုပါ ရယူပေးခဲ့ပါတယ်။ ဘယ်လ်ဂျီယံသား တိုက်စစ်မှူး လူကာကူကိုတော့ ချဲလ်ဆီး အသင်းပိုင်ရှင် အေဗရာမိုဗစ်နှစ်သက်သည့် ကစားသမားလို့လည်း သိရပါတယ်။ ထို့အပြင် ချဲလ်ဆီးအသင်းနည်းပြဖြစ်တဲ့ နည်းပြ တူချယ်ကလည်း တိုက်စစ်ပိုင်းကို အင်အား‌ဖြည့်ဖို့ ခေါ်ယူရန် ‌စိတ်၀င်စားလျက်ရှိပါတယ်။

အင်တာမီလန်အသင်းဘက်ကတော့ တိုက်စစ်မှူး လူကာကူအတွက် ပြောင်းရွေ့ကြေးကို အနည်းဆုံး ပေါင်သန်း 90ထိ ရရှိရန် လိုလားကြောင်းတောင်းဆိုထားပါတယ်။ လူကာကူဟာ အင်တာမီလန်မှာ 72ပွဲကစားထားပြီး 47ဂိုးထိ သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ လူကာကူတစ်ယောက် ချဲလ်ဆီးပြန်ရောက်ပြီး အင်္ဂလန် မြေကို တစ်ဖန်ပြန်လည် ကန်ခွင့်ရမလား စောင့်ကြည့်ရမှာဘဲဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source