Sports

အသင်းကို ကြီးကြီးမားမား ပြောင်းလဲဖို့ စတာလင်းနဲ့ မာရက်ဇ် နှစ်ဦးထဲက တဦးကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ အာဆင်နယ်အသင်း

ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ သူတို့အသင်းရဲ့ ပြည်တွင်း ပြိုင်ဘက်အသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ စတာလင်းနဲ့ မာရက်ဇ်တို့ နှစ်ဦးကို ယခု နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။ လန်ဒန်အခြေစိုက် အာဆင်နယ်အသင်းဟာ တချိန်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အသင်းတွေထဲက တသင်း ဖြစ်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ဥရောပ ဝင်ခွင့် ဖြစ်တဲ့ ထိပ်ဆုံးအသင်း ၇သင်း စာရင်းထဲ ဝင်ရောက်နိုင်ခဲ့ခြင်း မရှိတာကြောင့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကို ကြီးကြီးမားမား ပြောင်းလဲဖို့ စီစဉ်နေတဲ့ အသင်းလည်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ စီနီယာ ကစားသမား တချို့ကို ရောင်းထုတ်ကာ ထိပ်တန်း ကစားသမား တချို့ကို ခေါ်ယူပြီး အသင်းကို သွေးသစ်လောင်းဖို့ စဉ်းစားနေကာ လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်းနဲ့ ကွင်းလယ်ပိုင်းကို အဓိက အင်အား ဖြည့်တင်းသွားမယ်လို့ သိရပါတယ်။ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail ကတော့ အာဆင်နယ်အသင်းဟာ သူတို့အသင်းရဲ့ တောင်ပံတွေကို အင်အားဖြည့်တင်းဖို့ စဉ်းစားနေပြီး မန်ချက်စတာ စီးတီးအသင်းရဲ့ တောင်ပံ ကစားသမားတွေ ဖြစ်တဲ့ စတာလင်းနဲ့ မာရက်ဇ်တို့ဟာ သူတို့ရဲ့ ထိပ်သီး နွေရာသီ ပစ်မှတ်တွေ ဖြစ်ကြောင်း ဆိုပါတယ်။

မန်ချက်စတာ စီးတီးအသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းနဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ စီစဉ်ထားသလို လူငယ် ကြယ်ပွင့် ကစားသမားတွေ ဖြစ်တဲ့ ဖိုဒန်နဲ့ ဖာရန်း တောရက်စ်တို့ရဲ့ တိုးတက်လာတဲ့ ခြေစွမ်းတွေက မန်ချက်စတာ စီးတီးအသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ စတာလင်းနဲ့ မာရက်ဇ်တို့ကို ပုံမှန်နေရာ ရရှိဖို့ ခက်ခဲစေနိုင်ပြီး အဆိုပါ အခြေအနေဟာ စတာလင်းနဲ့ မာရက်ဇ်တို့ကို မန်ချက်စတာ စီးတီးအသင်း ကနေ ထွက်ခွာချင်အောင် တွန်းပို့ပေးနေပါတယ်။ အာဆင်နယ်အသင်း ကတော့ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ အဓိကထား ကြိုးပမ်းနေတဲ့ အသင်း ဖြစ်ပြီး ထွက်ပေါ်လာတဲ့ သတင်းတွေအရ စတာလင်းဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ဖြစ်ကြောင်း သိရပါတယ်။

အသက် ၂၆နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် စတာလင်းဟာ လက်ရှိမှာ ယူရို ၉၀သန်း အထိ တန်ကြေး ရှိနေတဲ့ ကစားသမား ဖြစ်ပြီး အာဆင်နယ်အသင်း အနေနဲ့ သူ့ကို ခေါ်ယူချင်ပါက အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ပေါင် ၉၀သန်းခန့် အသုံးပြုရနိုင်ပါတယ်။ အသက် ၃၀အရွယ် အယ်ဂျီးရီးယား တောင်ပံတိုက်စစ် ကစားသမား မာရက်ဇ်ကတော့ အာဆင်နယ်အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား ဖြစ်ပြီး မာရက်ဇ်ရဲ့ ပြောင်းရွှေ့ကြေး ကတော့ ပေါင် ၄၀သန်းခန့် ဖြစ်နိုင်ပါတယ်။

Credit

Unicode





Credit