Sports

ပေါ့ဘာနဲ့ ယူနိုက်တတ် အနာဂါတ် စီမံကိန်း ထွက်ပေါ်လာ

ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ပေါလ်ပေါ့ဘာ ဟာ ဒီနှစ်နွေရာသီ မှာ အသင်း

ကနေ ထွက် ခွာမယ် လို့ နမည် ကြီး သတင်း ကြီး နေသူ တစ်ဦး ဖြစ်ပါတယ်။

နည်းပြ ဖြစ်သူ အိုလီဂန်နာဆိုလ်းရှားကတော့ ပေါ့ဘာ ဟာ ယူနိုက်တက် အနာဂါတ် စီမံကိန်း ထဲ

မှာ ဆက်လက်ပါ၀င်နေတယ် လို့ ဆိုထားပြီး ပေါ့ဘာ ရဲ့ အကို ဖြစ်သူ က သူ့ရဲ့ ညီ ကို

ဘာစီလိုနာ အသင်းက ခေါ် ယူစေ ခြင်တယ် လို့ ဆိုထားပါတယ်။

ဒါ့အပြင် သူ့အေးဂျင့် ဖြစ်သူ ရွိုင်အိုလာ ကလည်း ပေါ့ဘာနဲ့ ယူနိုက်တက် နဲ့ ဇာတ်လမ်း ဟာ ပြီး ဆုံးသွားပြီ

လို့ ပြီးခဲ့တဲ့ နှစ် လိုက်ပဇစ် နဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲ မတိုင် ခင် မှာပြောကြားမှု

တွေ ကြောင့် ပေါ့ဘာဟာ ဒီနှစ် နွေမှာ အသင်း ပြောင်း မယ်လို့ ထင်ကြေး ပေးခံနေရသူ တစ်ဦးဖြစ်ပါတယ်။

ပေါ့ဘာဟာ ယူနိုက်တက် အသင်းနဲ့ စာချုပိသက်တမ်း တစ်နှစ်သာ

ကျန်ရှိနေတော့ပြီး စာချုပ်သက်တမ်းတိုးရန် ကိစ္စများ ကို လုပ်ဆောင်ခြင်း မရှိသေး ကြောင်း သိရပါတယ်။

သို့ပေမယ့် လို့ လက်ရှိထွက်လာတဲ့ သတင်း တွေ အရတော့ ပေါ့ဘာ ဟာ ယူနိုက်တက် မှာ ဆက်နေဖို့

အတွက် ဆုံး ဖြတ်ချက် ချလိုက်ပြီး မန်ချက်စတာ မှာ အိမ်နဲ့ ခြံ ၀ယ်ရန်ကို ပါစီစဥ်နေပြီဖြစ်ကြောင်း သိရပါ

တယ်။ ယူရိုပါလိဂ် ဗိုလ်လုပွဲရှုံး နိမ့်မှု အပြီးမှာ ပေါ့ဘာ က အသင်းက ထွက် ခွာ သွားပါက

သူ့ကိုသူ တာ၀န်မကျေသည့် စိတ်မျိုး ခံစား ရနေသည့် အပြင် ယူနိုက်တက် မှာ အောင် မြင် မှုတွေ ယူဖို့ ကို

အလိုရှိနေပြီး လက်ရှိ နည်းပြဖြစ်သူ ဆိုလ်းရှား ရဲ့ လုပ်ဆောင်ချက်တွေ အပေါ် လည်း အပြည့် အ၀

ယုံကြည်နေတဲ့ အပြင် ယူနိုက်တက် ရဲ့ အနာဂါတ်စီမံကိန်းတွေကို လည်း

နှစ်သက်မိတာကြောင့် အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ထားတာ

ဖြစ်နိုင်တယ် လို့လဲ ထင်‌ကြေးပေးမှု များ ပေါ်ထွက်လာပါတယ်။

ကဲခင်ဗျားတို့ ရော ပေါ့ဘာ ဆက်နေတာကို သဘောကျမကျ ဆွေးနွေး ပေးကြပါဦး ခင်ဗျာ။

Credit