Sports

နောက်ခံလူတဲလက်စ်ကို ရောင်းချဖို့ပြင်ဆင်နေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းမှာပုံမှန်ပွဲထွက်ခွင့်မရတဲ့

ဘယ်နောက်ခံလူ တဲလက်စ်ကို အခုနွေရာသီအပြောင်းအရွှေ့အတွင်း

ပြန်ရောင်းချဖို့ပြင်ဆင်နေပါတယ်။ ယူနိုက်တက်အသင်းဟာ ဘရာဇီးလ်

နောက်ခံလူတဲလက်စ်ကို ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလတုန်းက

ပေါ်တိုအသင်းဆီကနေ ပေါင်(၁၅.၄)သန်းနဲ့ခေါ်ယူခဲ့ပြီး တဲလက်စ်ဟာ

ယူနိုက်တက်အသင်းမှာ လုခ်ရှောရဲ့နောက် ဒုတိယဦးစားပေးအဖြစ်သာ

ပါဝင်နေရတာပါ။ ၂၀၂၀-၂၁ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၉)ပွဲသာပါဝင်

ကစားခွင့်ရခဲ့သလို ပြိုင်ပွဲစုံမှာ(၂၄)ပွဲသာကစားခွင့်ရခဲ့တဲ့အတွက်

တဲလက်စ်ကလည်း အဲဒီအနေအထားအပေါ် စိတ်ပျက်နေပါတယ်။

တဲလက်စ်က “ဝမ်းနည်းစရာကောင်းတာက ယူနိုက်တက်ပရိသတ်တွေရဲ့ရှေ့မှာ

ကျွန်တော် ကစားခွင့်မရသေးတာပါပဲ။ အိုးလ်ထရက်ဖို့ဒ်ကွင်းထဲမှာ

အသင်းပရိသတ်တွေ အကြီးအကျယ်အားပေးနေကြတဲ့ ရုပ်သံဖိုင်ကို

အွန်လိုင်းပေါ်မှာ ကြည့်မိလိုက်တိုင်း တကယ်စိတ်လှုပ်ရှားမိပါတယ်။

အဲဒါကြောင့် ကျွန်တော့်အနေနဲ့ အသင်းပရိသတ်တွေရဲ့ရှေ့မှောက်မှာ

ယူနိုက်တက်အတွက် ပါဝင်ကစားခွင့်ရဖု့ိဆန္ဒရှိနေတာလည်းဖြစ်ပါတယ်”လို့

ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ တဲလက်စ်အတွက် သင့်တော်မယ့်

ကမ်းလှမ်းမှုမျိုးရရင် လက်ခံစဉ်းစားသွားဖို့ရှိနေသလို တဲလက်စ်အနေနဲ့

အိုးလ်ထရက်ဖို့ဒ်ကွင်းထဲ ခြေချခွင့်ရပြီး (၇)လအကြာမှာပဲ အသင်းနဲ့လမ်းခွဲဖို့ရှိနေပါပြီ။

Credit

Unicode



















Credit