Sports

ယူနိုက်တက် ပရိတ်သတ်တွေ အတွက်တကယ့်ကို စိတ်ရှုပ်စရာ သတင်းဆိုးတစ်ခု

ယူနိုက်တက် ပရိတ်သတ်တွေ အတွက်တကယ့်ကို စိတ်ရှုပ်စရာ သတင်းဆိုးတစ်ခု

လာမယ့် ရာသီ ပရီးမီးယား လိဂ်ပြိုင် ပွဲများမှာ လီဗာပူး၊ယူနိုက်တက် တို့ အပါအဝင်

ကွင်း ၄ ကွင်းမှာ ရိုဘော့ နည်း ပညာ နှင့် ဒိုင်လူကြီး တွေ ကို အသုံးပြုဖို့ စီစဉ်နေတယ် လို့ သိရပါတယ်

ဂိုးလိုင်း နည်းပညာကို ဖန်တီးသူ Hawk-eye ကုမ္ပဏီ က ဘဲ အဆိုပါ ရိုဘော့ ဒိုင်လူကြီး

စနစ် ကို တာ၀န်ယူမှာ ဖြစ်ပြီး လာမယ့် ရာသီ မှာ ယူနိုက်တက် အပါအ၀င်စီးတီး၊လီဗာပူး၊

ချဲလ်ဆီလ်းစတဲ့ အသင်းကြီး ၄ သင်းတို့ ၏ ကွင်းများ မှာ စမ်းသပ်

သုံးစွဲသွားကြည့်ရန် စီစဉ်နေတာ ဟုသိရပါတယ်။
တစ်ကမ္ဘာလုံးမှာ အသုံးပြုခွင့် ပြုရန် ဖီဖာ က

ခွင့်ပြုချက် ရရန် လိုအပ်တာကြောင့် ဒီနည်းစနစ်ကို အဆိုပါ

အသင်းများ ကွင်းများ၌ စတင် စမ်းသပ်သုံးစွဲ သွားမှာ ဖြစ်တယ်လို့ လဲသိရပါတယ်။

VAR နဲ့ တောင် တော်တော်လေး စိတ်ရှုပ်စရာ ဖြစ်နေတဲ့ ဘောလုံးပရိတ်သတ်တွေ

အတွက် ဒီသတင်းကတော့ တကယ့်ကို သတင်းဆိုး တစ်ခုဖြစ်နေမှာပါ။

ဒါပေမယ့်ကံကောင်းနေသေးခြင်းက ဒီနည်းပညာကို စမ်းသပ်ယုံသာ ဖြစ်ပြီး ဆုံးဖြတ်ချက်

တစ်စုံတရာမှာ ၀င်ရောက် စွက်ဖက် ဦးမှာ မဟုတ်သေးပါ။

သို့ပေမယ့် စမ်းသပ်မှု အောင် မြင် သွားပီ ဆိုပါက အတည်ပြုခွင့်ပြု ချက်ရရှိမှာ ဖြစ်ပြီး

ပရိတ်သတ်တွေအ‌တွက် တော့ ကျေနပ် မှု တွေပေးမလား စိတ်ရှုပ်စရာ တွေ ဘဲ ဖြစ်မလားဆိုတာ တော့

မကြာခင်ကာလတွေမှာ ဆက် လက် မြင်တွေ့ရဦးမှာလည်း ဖြစ်ပါတယ် ခင်ဗျာ။

Hawk eye က ၂၀၂၂ ကမ္ဘာ့ဖလားမှာ အဆိုပါနည်းပညာကို ပြည့်စုံစွာ အသုံးပြု သွားဖို့

ရည်ရွယ်နေပြီး အနာဂါတ်မှာ အသုံးပြု လာနိုင်ဖွယ် အတော်လေး ရာနှုန်းများ နေတယ်လို့ သိရပါတယ်။

VAR နဲ့ တောင် အတော် လေး ဘောလုံး ရသ ပျောက်နေတာ ဆိုတော့ တကယ်လို့

တကယ်အတည်သာ ဖြစ်လာခဲ့ မယ်ဆိုရင် ခင်ဗျားတို့ ရော ဘလို မြင်လဲ ဆိုတာ ဆွေးနွေးပေးကြပါဦးဗျာ။

By Man U Fan Forever

Credit