Sports

ယူနိုက်တက်ကို ပြောင်းရွေ့ရန် နီးစပ်သလောက်ရှိနေပြီဖြစ်တဲ့ ရော်နယ်ဒို

ယူနိုက်တက်ပရိတ်သတ်တွေရယ့် အချစ်တော့ ရော်နယ်ဒိုကတော့ ဂျူပင်တပ်စ်နဲ့ လမ်းခွဲတော့မယ့် သဘောမှာရှိနေပါတယ်။ ဂျူဗင်တပ်စ်အသင်းဘက်ကတော့ ကွင်းလယ်လူ ပေါ့ဘာနဲ့ ရော်နယ်ဒိုကို အလဲအလှယ်လုပ်ဖို့ စိတ်ကူး‌ရှိနေတဲ့သဘောရှိပါတယ်။ ပေါ့ဘာဟာ ရော်နယ်ဒိုထက် ရှစ်နှစ်လောက်ငယ်သေးတဲ့အတွက် ယူနိုက်တက်မှာ ပေ့ါဘာဟာ အသုံး၀င်နေပါတယ်။

ဂျူဗင်တပ်စ်အသင်းမှာ ရော်နယ်ဒိုဟာ မပျော်ရွင်‌‌တော့တဲ့ အခြေအနေရှိနေတဲ့အတွက် ယူနိုက်တက်ကို ပြောင်းရွေ့နိုင်တဲ့ အလားအလာကောင်းတွေ ရှိနေပါတယ်။ ရော်နယ်ဒိုကတော့ အသက်အကြီးပိုင်းရောက်နေပေမယ့် ‌ခြေစွမ်းပိုင်းမှာ လက်ရှိယူနိုက်တက်ကစားသမားတွေထက် သာလွန်နေပါတယ်။

ယခုနှစ်ရာသီကို စီးရီးအေမှာ 33ပွဲကစား 29ဂိုးသွင်းယူထားပါတယ်။ ဝါရင့်တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့အပြင် ယူနိုက်တက်တို့ရယ့် ရှေ့တန်းလိုအပ်ချက်အရ ခေါ်ယူရန် အကောင်းဆုံးအနေထားမှာရှိနေပါတယ်။ ယူနိုက်တက်ပရိတ်သတ်တွေအနေနဲ့တော့ ရော်နယ်ဒိုသာပြန်လာရင် ပျော်ရွှင်ရမှာပါ။ ယူနိုက်တက်ပရိတ်သတ်တွေအနေနဲ့ ရော်နယ်ဒို ပြန်လာပြီး ဆုဖလားတွေ သိမ်းပိုက်လာမလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေရမှာပါ။

TTSoe
Sports Gaber
internet Source