Sports

ဗိုလ်လုပွဲအပြီး အင်တာဗျူးမှာ ပါးသိုင်းမွှေးရိပ်ခဲ့တဲ့ ချဲလ်ဆီးကြယ်ပွင့် ဂျော်ဂျင်ဟို

ချဲလ်ဆီးအသင်းရယ့် ကွင်းလယ်ကစားသမားဖြစ်သူ ဂျော်ဂျင်ဟိုဟာ ချန်ပီရံလိဒ်ရရှိပြီး အင်တာဗျူးအပြီးမှာ သူ့ရယ့်ပါးသိုင်းမွှေးကိုရိပ်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပေါ်တိုမှာ ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဒ်ဗိုလ်လုပွဲမှာ မန်စီးတီးကိုအနိုင်ရရှိပြီးချန်ပီယံလိဒ် ဆုဖလား ကိုရရှိခဲ့ပါတယ်။

ဂျော်ဂျင်ဟိုဟာ ယခုနှစ်ရာသီမှာ သူ့ရယ့် ပါးသိုင်းမွှေးကို အလှထားခဲ့ပါတယ်။ TNT အားကစားဌာနရယ့် သတင်းထောက်တစ်ဦးဖြစ်တဲ့ ဖရတ် ကာဒရီလာနဲ့ ဂျော်ဂျင်ဟိုဟာ ချဲလ်ဆီးအသင်း ဆုဖလားရရင် သူတို့နှစ်ယောက်လုံး ပါးသိုင်းမွှေးရိပ်မယ်လို့ ကတိပေးခဲ့ပါတယ်။

ထိုပွဲစဉ်အပြီးမှာတော့ ဂျော်ဂျင်ဟို‌တစ်ယောက် ပါးသိုင်းမွှေးကို ပြုံးပြုံးကြီး အရိပ်ခံခဲ့ရပါတယ်။ ဂျော်ဂျင်ဟိုနဲ့ သတင်းထောက်ရယ့် ဘောလုံးကွင်းထဲမှာ ပါးသိုင်းမွှေးရိတ်တဲ့ ပုံရိပ်ဟာ ဘောလုံးပရိတ်သတ်တွေ စိတ်၀င်တစားဖြစ်ခဲ့ပါတယ်။
ဂျော်ဂျင်ဟိုကတော့ နည်းပြတူချယ်လ် လက်ထက်မှာ ခြေစွမ်းပြသပြီး 8ဂိုးထိ သွင်းယူခဲ့ပါတယ်။

TTSoe
Sports Gaber
internet Source