Sports

မန်ချက်စတာမြေပေါ်ကနေ နှုတ်ဆက်ရတော့မယ့် တိုက်စစ်မှူး အဂူရို

မန်စီးတီးအသင်းရယ့် ကြယ်ပွင့် တစ်ဦးဖြစ်တဲ့ ဝါရင့် တိုက်စစ်မှူး အဂူရိုဟာ ဘာစီလိုနာအသင်းကို ပြောင်းရွေ့ရန်သဘောတူညီမှုရရှိပြီး ဆေးစစ်မှုပြုလုပ်ဖို့သာ ကျန်ရှိတော့တယ်လို သိရပါတယ်။ ထို့အပြင် မကြာခင်အချိန်အတွင်းမှာ တရား၀င်ကြေငြာချက်ထုတ်မယ်လို့လည်းသိရပါတယ်။


မန်စီးတီးအသင်းဟာ ချန်ပီရံလိဒ်မှာ ချဲလ်ဆီးအသင်းကို အရေးနိမ့်ခဲ့ရပြီး ဆုဖလားကို ရင်နာဖွယ်ဆုံးရှုံးရခဲ့ပါတယ်။ ထိုပွဲစဉ်မှာ အဂူရိုဟာ ပွဲပြီးခါနီးမှသာ ပါ၀င်ခဲ့ရပါတယ်။ အာဂျစ်တီးနားသား အဂူရိုကတော့ ထိုရှုံးနိမ့်မှုအပြီးမှာ ဘာစီလိုနာကို ပြောင်းရွေ့ဖို့ အကြောင်းဖန်လာပါတယ်။

ဘာစီလိုနာမှာ အာဂျစ်တီးနားအသင်းဖော် မက်ဆီလည်းရှိနေပါတယ်။ အဂူရိုဟာ မန်စီးတီးမှာ ဆယ်နှစ်နီးပါး ကစားခဲ့ပြီး ပွဲပေါင်း 275ပွဲမှာ 184ဂိုးအထိ သွင်းယူပေးထားတဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်ပါတယ်။
စီးတီးနောက်ခံလူ အဲရစ်ဂါဆီရာ ၊ လီဗာပူးလ် ကွင်းလယ်လူ ဝိုင်နယ်ဒမ် တို့လည်း သဘောတူညီမှုရရှိပြီးပြီမို့ မကြာခင် တရားဝင်ကြေညာပါမယ်။

TTSoe
Sports Gaber
internet Source

Unicode





TTSoe
Sports Gaber
internet Source