Sports

ပရီးမီးယားလိဂ်မှာ ဂိုးသွင်းဖို့ မစောင့်နိုင်တော့ပါဘူးဆိုတဲ့ ဘရန့်ဖိုဒ့် ဂိုးမုဆိုး အိုင်ဗန် တိုနီ

အင်္ဂလန် ပရီးမီးယားလိဂ် ကို တန်းတက် လာခဲ့တဲ့ ဘရန့်ဖိုဒ့် အသင်း တိုက်စစ်မှူး အိုင်ဗန် တိုနီ က သူ့အနေနဲ့ အင်္ဂလိပ် ဘောလုံး လောကရဲ့ အဆင့် အမြင့်ဆုံး ပြိုင်ပွဲကြီးမှာ ဂိုးတွေ သွင်းပြီး အောင်ပွဲ ခံဖို့ မစောင့် နိုင်တော့ ပါဘူးလို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။ အိုင်ဗန် တိုနီ ဟာ ဒီရာသီ မှာ ဘရန့်ဖိုဒ့် ရဲ့ အဓိက ဂိုးသွင်းရှင် ဖြစ်ခဲ့ပြီး ချန်ပီယံရှစ် ကနေ တန်းတက် လာရေးမှာ သူ့ရဲ့ သွင်းဂိုးတွေက အများကြီး အကူအညီ ဖြစ်စေခဲ့ ပါတယ် ။

ဝင်ဘာလေ ကွင်းကြီးထဲ မှာ ယမန်နေ့ ညက ကစား ခဲ့တဲ့ Play-off Final မှာ ဘရန့်ဖိုဒ့် ဟာ ဆွမ်ဆိ စီးတီး အသင်း ကို ၂ – ၀ နဲ့ အနိုင် ရပြီး ပရီးမီးယားလိဂ် တန်းတက်ခွင့် နောက်ဆုံး တစ်နေရာကို ရရှိ ခဲ့ ပါတယ် ။ ဒါဟာ ဘရန့်ဖိုဒ့် အတွက် ၁၉၄၆-၄၇ ရာသီ နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် အဆင့်မြင့်ဆုံး လိဂ်ကို ပြန်လည် တက်ရောက် လာနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

အိုင်ဗန် တိုနီ ဟာ ဒီရာသီမှာ ဘရန့်ဖိုဒ့် အတွက် ဂိုးပေါင်း ၃၀ ကျော် သွင်းပေးခဲ့ ပါတယ် ။ ဆွမ်ဆိ နဲ့ ပွဲမှာလည်း တိုနီ ဟာ ပင်နယ်တီ ကနေ ၁ ဂိုး သွင်းပေး ခဲ့ပြီး သူ့ရဲ့ ဂိုး အရေအတွက်ကို ၃၃ ဂိုး အထိ ရောက်ရှိ စေခဲ့ ပါတယ် ။ ဒီနိုင်ပွဲကြောင့် ဘရန့်ဖိုဒ့် ဟာ ပရီးမီးယားလိဂ် ကို တန်းတက်ခွင့် ရခဲ့ပြီး ဝင်ငွေ ပေါင် သန်း ၁၈၀ နီးပါး ရရှိတော့မှာ ဖြစ်ပါတယ် ။

အသက် ၂၅ နှစ် အရွယ် တိုက်စစ်မှူး အိုင်ဗန် တိုနီ ဟာ နယူးကာဆယ် နဲ့ အတူ ပရီးမီးယားလိဂ် ကို ၂ ပွဲ မြည်းစမ်း ခဲ့ဖူး ပါတယ် ။ ဒါပေမယ့် ဘာမှ စွမ်းဆောင် မပြနိုင်ခဲ့ ပါဘူး ။ အခု အချိန် မှာတော့ အိုင်ဗန် တိုနီ က သူ့အနေနဲ့ ပရီးမီးယားလိဂ်မှာ ဂိုးတွေ သွင်းဖို့ အဆင်သင့် ဖြစ်နေပါပြီလို့ ပြောဆို လာခဲ့ ပါတယ် ။

“ကျွန်တော်တို့ ထိုက်ထိုက် တန်တန် နိုင်ခဲ့တာပါ ။ လူတွေ ဘာပြောပြော ကျွန်တော် ဂရုစိုက် မနေပါဘူး ။ အဲ့ဒိ ပင်နယ်တီ ကို ကန်ဖို့ ၊ ဂိုးပိုက်ထဲ ဘောလုံး ရောက်သွားဖို့ကို ကျွန်တော် တကယ် မစောင့် နိုင်ခဲ့ တာပါ ။ အခု ကျွန်တော်တို့ ပရီးမီးယားလိဂ် ကို အရောက် သွားနိုင် ခဲ့ပါပြီ”

“ဘယ်လို ခက်ခဲတဲ့ အရာတွေနဲ့ ရင်ဆိုင်ရမယ် ဆိုတာ ကျွန်တော်တို့ မသိနိုင်ပါဘူး ၊ ဒါပေမယ့် ကျွန်တော့မှာ အကောင်းဆုံး အသင်းဖော်တွေ နဲ့ ပျော်စရာကောင်းတဲ့ အဝတ်လဲခန်း တစ်ခု ရှိပါတယ် ။ သူတို့ဟာ ကျွန်တော့ကို ခွန်အား ဖြစ်စေပါတယ် ။ အခု ကျွန်တော် က ပရီးမီးယားလိဂ် တိုက်စစ်မှူး ဖြစ်တော့မှာပါ ၊ ဂိုးတွေ သွင်းဖို့ မစောင့်နိုင်တော့ ပါဘူး” လို့ အိုင်ဗန် တိုနီ က ပြောဆို သွားခဲ့ ပါတယ် ။

ဘရန့်ဖိုဒ့် ဟာ ပြီးခဲ့တဲ့ ရာသီ တုန်းကလည်း Play-off Final ကို ရောက်ခဲ့ပြီး စကော့ပါကား ရဲ့ ဖူလ်ဟမ် ကို ရှုံးနိမ့်ကာ ချန်ပီယံရှစ်မှာ နောက်တစ်နှစ် ထပ်မံ ကြိုးစား ခဲ့ရပါတယ် ။ ဒီနှစ် မှာတော့ သူတို့ဟာ သူတို့နဲ့ ထိုက်တန်တဲ့ နေရာကို အရောက် လှမ်းတက် နိုင်ခဲ့ ပါတယ် ။

“မနှစ်က ဖူလ်ဟမ် နဲ့ ပွဲမှာ ကျွန်တော်တို့ အရမ်း စိတ်ပျက် ခဲ့ရ ပါတယ် ။ ဒါပေမယ့် အဲ့ဒိနေ့ ပြီးကတည်းက ဒီနှစ် မှာ ပရီးမီးယားလိဂ် ကို ရောက်ရမယ်ဆိုတဲ့ ရည်မှန်းချက် နဲ့ အားလုံး အတူတကွ ကြိုးစား ခဲ့ကြတာပါ ။ အခု ကျွန်တော်တို့ ပရီးမီးယားလိဂ် ကို ရောက်ခဲ့ ပါပြီ”

“မနှစ်ကတည်းက ဆွီဒင် ကို ပြန်ပြီး အနားယူတော့ဖို့ စိတ်ကူး ခဲ့တာပါ ။ ဒါပေမယ့် ကျွန်တော် ဒီအိပ်မက် ကို မစွန့်လွှတ် နိုင်ခဲ့ ပါဘူး ။ အခုတော့ ကျွန်တော် အရမ်း ပျော်နေပါပြီ” လို့ ဘရန့်ဖိုဒ့် အသင်းခေါင်းဆောင် ပွန်တပ်စ် ဂျန်ဆင် က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

Welcome to EPL Brentford !

SPORTS MYANMAR

Unicode










Welcome to EPL Brentford !

SPORTS MYANMAR