Sports

ယူနိုက်တက်ကိုပြောင်းရွေ့ရန် စိတ်၀င်စားကြောင်းပြသခဲ့တဲ့ ဗီလာကြယ်ပွင့် ဂရင်းလစ်ရှ်

အက်စတွန်ဗီလာအသင်းရယ့် ကြယ်ပွင့် တစ်ဦးဖြစ်တဲ့ ကွင်းလယ်လူ ဂရင်းလစ်ရှ်ဟာ ယူနိုက်တက်ကို ပြောင်းရွေ့ဖို့ စိတ်၀င်စားနေတယ်လို့သိရပါတယ်။ ယူနိုက်တက်ပရိတ်သတ်တွေရယ့် တောင်းဆိုမှုကို တွစ်တာမှာ အသိအမှတ်ပြုခဲ့ပြီး ဂရင်းလစ်ရှ် ဟာ ယူနိုက်တက်ကိုပြောင်းရွေ့ဖို့ စိတ်၀င်စားပုံကို ပြခဲ့ပါတယ်။

ဂရင်းလစ်ရှ်ကတော့ ယခုအချိန်မှာ သူ့ရယ့်ကစားပုံ ခြေစွမ်းတွေက ‌အကောင်းမွန်ဆုံးအခြေအနေမှာ ရှိနေပါတယ်။ ဒဏ်ရာကသက်သာလာပြီးနောက်ပိုင်း သူ့ခြေစွမ်းဟာ အကောင်းဆုံးအခြေအနေမှာရှိတယ်ဆိုတာ ပြသခဲ့ပါတယ်။ အကယ်၍များ မန်ချက်စတာယူနိုက်တက်အနေနဲ့ ဂရင်းလစ်ရှ်ကို ပေါင်သန်းတစ်ရာ ကို တောင်းတဲ့အတိုင်းပေးခဲ့ရင်တော့ သမိုင်းတစ်လျောက် တန်ကြေးအမြင့်ဆုံး အင်္ဂလန်ကစားသမားဖြစ်လာမှာဘဲဖြစ်ပါတယ်။

ယူနိူက်တက်ဟာ ယခင်အပြောင်းအရွေ့ရာသီကတည်းကို ဂရင်းလစ်ရှ်ကို ခေါ်ယူဖို့စိတ်၀င်စားပြီး ယူနိုက်တက်စောင့်ကြည့်နေတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ယူနိုက်တက်အဖို့ ကွင်းလယ်လိုအပ်ချက်အရ ဂရင်းလစ်ရှိကို ခေါ်ယူနိုင်မလားစောင့်ကြည့်ရမှာဘဲဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source