Sports

နည်းပြဆိုးရှားလက်ထက်မှာ ယူနိုက်တက်နှင့် နှုတ်ဆက်ခဲ့တဲ့ ကစားသမားများ

ယူနိုက်တက်အသင်းဟာ နည်းပြကြီး မောရင်ညိုကို ထုတ်ပြီး အသင်းရယ့်ကစားသမားဟောင်း နည်းပြဆိုးရှားလ်ကို ခေါ်ယူခဲ့ပါတယ်။ နည်းပြဆိုးရှားလ်လက်ထက်မှာ ဆုဖလားတွေမရရှိသေးပေမယ့် ရလဒ်ကောင်းအချို့ကိုတော့ပြသထားပါတယ်။

နည်းပြဆိုးရှားလ်လက်ထက် မက်ဂွိုင်းယား၊ ဘစ်ဆာကာ၊ ဒန်နီရယ်ဂျိန်းနှင့် ဘရူနိုဖာနန်ဒက်စ်တို့ကို အောင်မြင်စွာ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နည်းပြဆိုးရှားလ်လက်ထက်မှာ ကစားသမား 13ယောက်အထိ ယူနိုက်တက်နှင့် နှုတ်ဆက်ခဲ့ပါတယ်။ ပထမတစ်ယောက်ကတော့ ဟာရဲယားပါ သူကတော့ အသင်းမှာ ငါးနှစ်ထိရှိခဲ့ပြီး ကွင်းလယ်မှာခြေစွမ်းပြနေသူပါ။ ယူနိုက်ကနေ အလွတ်ပြောင်းရွေ့ကြေးဖြင့် PSGကိုရောက်ရှိခဲ့ပါတယ်။

နှစ်ယောက်မြောက်ကတော့ ဗလန်စီယာဖြစ်ပါတယ်။ယူနိုက်တက်နှင့်အတူ ဆုဖလားများစွာယူထားတဲ့ အသင်းခေါင်းဆောင်ကောင်းတစ်ယောက်ပါ။ သုံးယောက်မြောက်ကတော့ လူကာကူဖြစ်ပါတယ်။ ယခုအချိန်မှာတော့ အင်တာမီလန်မှာပါ။ လေးယောက်မြောက်ကတော့ ဆန်းချက်ဖြစ်ပြီး အင်တာကို ပြောင်းရွေ့ခဲ့ရပါတယ်။

ငါးယောက်မြောက်ကတော့ အရှလေ ရန်းဖြစ်ပြီး ယူနိုက်တက်ရယ့် အသင်းခေါင်ဆောင်ဖြစ်ခဲ့ပြီး ယခုအခါမှာတော့အင်တာမီလန်မှာ ဖြစ်ပါတယ်။နောက်ထက်ကစားသမားတွေကတော့ ဒါမိန်း၊ စမောလင်း၊ ဖယ်လိုင်နီ ၊ ဂျက်ဆန်၊ ဖိုဆူမန်ဆက်၊ ရိုဂျို၊ ဂိုမက်စ်နှင့် ဂျိမ်းဝ်ဆန်တို့ဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source