Sports

ပရီးမီးယားလိဒ်ရယ့် လူခေါ်မှားယွင်းမှုစာရင်းမှာ ဒုတိယနေရာမှာရှိနေတဲ့ ဗန်ဒီဘစ်ခ်

ပရီးမီးယားလိဒ်ရယ့် လူခေါ်မှားယွင်းမှု စာရင်းမှာ ဒုတိယနေရာမှာတော့ ကျွန်တော်တို့ ယူနိုက်တက် ကစားသမား ဗန်ဒီဗစ်ခ် ရှိနေခဲ့ပါတယ်။ ပြီးခဲ့‌တဲ့နှစ် အပြောင်းအရွေ့မှာ ယူနိုက်တက်ကစားသမားဟောင်း ဗန်ဒါဆားရယ့် အကူအညီဖြင့် ဗန်ဒီဘသ်ခ် ဟာ အေဂျက်အသင်းကနေ ယူနိုက်တက်သို့ရောက်ရှိလာခဲ့ပါတယ်။ အေဂျက်အသင်းရယ့် အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ နယ်သာလန်သား ဗန်ဒီဘစ်ခ်ကို ပေါင်သန်းလေးဆယ်ဖြင့် ခေါ်ယူခဲ့ပါတယ်။

နည်းပြဆိုးရှားလ်အနေနဲ့ကတော့ပေါ့ဘာနေရာ ကိုထည့်ကစားဖို့ ခေါ်ယူခဲ့တယ်လို့ လူတိုင်းက မှန်းဆခဲ့ပါတယ်။ တဂယ့်လက်တွေ့မှာတော့ ဗန်ဒီဘစ်ခ်ဟာ အရန်ခုံမှာသာ ထိုင်ခဲ့ရတာများခဲ့ပါတယ်။ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ပေါ့ဘာ၊ ဘရူနို၊ ဖရတ်၊တော်မီနေး ၊ မာတစ်တို့ရယ့် နောက်မှာသာ ဗန်ဒီဘစ်ခ်ကို ထားရှိခဲ့ပါတယ်။

ဗန်ဒီဘစ်ဟာ ယူနိုက်တက်အတွက်တစ်ဂိုးသာ သွင်းယူထားနိုင်ပြီး နှစ်ကြိမ်ဂိုးဖန်တီးမှုရှိပါတယ်။
ထိုအကြောင်းတွေကြောင့် ဗန်ဒီဘစ်ခ်ဟာ ပရီးမီးယားလိဒ်ရယ့် လူခေါ်မှု မှားယွင်းဆုံးစာရင်းမှာ ဒုတိယနေရာမှာကို ရှိနေပါတယ်။

TTSoe
Sports Gaber
internet Source

Unicode




TTSoe
Sports Gaber
internet Source