Sports

ဘာစီလိုနာ နှင့် ချဲလ်ဆီး နှစ်သင်းထဲက တစ်သင်းကိုပြောင်းရွေ့နိုင်တယ်ဆိုတဲ့ လီ၀န်ဒေါ့စကီး

ဘိုင်ယန်မြူးနစ်ရယ့် တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ လီ၀န်ဒေါ့စကီးဟာ ဂျာမနီကနေနှုတ်ဆက်ပြီး အသင်ပြောင်းချင်တဲ့အခြေအနေရှိနေပါတယ်။ လီ၀န်ဒေါ့စကီးဟာ “ကျနော်အနေနဲ့ ဘိုင်ယန်မှာပျော်ရွင်ပါတယ် ဘိုင်ယန်ဟာ အကောင်းမွန်ဆုံး အသင်းတစ်သင်းပါဘဲ။

ကျနော်ကတော့ အမြဲတမ်းစိန်ခေါ်မှုအသစ်တွေ ကို လိုချင်တဲ့သူဖြစ်ပြီး ကျနော်ဘာဖြစ်လာမလဲဆိုတာတောင်မသိပါဘူး” ဆိုပြီးပြောကြားခဲ့ပ့တယ်။ လီ၀န်ဒေါ့စကီးအနေနဲ့ ဘာစီလိုနာအသင်းနဲ့ ချဲလ်ဆီးအသင်း တို နှစ်သင်းထဲက တစ်သင်းကို ပြောင်းရွှေ့မယ်ပုံကို ပြခဲ့ပါတယ်။

ပိုလန်သား လီ၀န်ဒေါ့စကီးဟာ ဘိုင်ယန်မြူးနစ်မှာ သွင်းဂိုး လေးဆယ်ထိသွင်းယူပြီး စံချိန်သစ်ကိုရယူခဲ့ပါတယ်။ ဘိုင်ယန်နဲ့အတူ ကိုးကြိမ်မြောက် ‌အမှတ်ပေးဆုဖလားကို 11မှတ်အကွာနဲ့ ဇယားထိပ်မှာ အေးအေးဆေးဆေး ရယူခဲ့ပါတယ်။ နောက်ရာသီမှာတော့ လီ၀န်ဒေါ့စကီး တစ်ယောက် ဘယ်အသင်းမှာ ဘယ်လိုခြေစွမ်းပြမယ်ဆိုတာ ရင်ခုန်ရအုံးမှာဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source

Unicode




TTSoe
Sports Gaber
internet Source