Sports

မန်ချက်စတာ နှစ်သင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေမှုအပေါ် လိုရင်းတိုရှင်း အဖြေပေးလိုက်တဲ့ ဟားလန်း

လက်ရှိ နွေရာသီအပြောင်းအရွှေ့မှာတော့ မန်ချက်စတာ အခြေစိုက် ထိပ်သီး ကလပ် နှစ်သင်း ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ မန်စီးတီး အသင်းတွေဟာ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ အတွက် အဓိကထားနေကြတယ်လို့ သတင်းတွေ ကျယ်လောင်နေခဲ့ ပါတယ် ။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဥရုဂွေး လက်ရွေးစင်ဖြစ်တဲ့ အီဒင်ဆန် ကာဗာနီကို တစ်နှစ် စာချုပ်သက်တမ်း တိုးမြှင့်ခဲ့တဲ့နောက် အထောင် တိုက်စစ်မှူ ခေါ်ယူမယ့် သတင်းတွေက အတော်လေး လျော့နည်းလာခဲ့ ပါတယ် ။

အခြား တစ်ဖက်မှာတော့ မန်စီးတီး အသင်းဟာ အဓိက တိုက်စစ်မှူး ဆာဂျီယို ကန် အဂူရို နဲ့ လမ်းခွဲလိုက် ပါပြီ ။ ဒီလို အနေအထား တစ်ရပ်မှာ သူတို့လည်း ယုံကြည်စိတ်ချရတဲ့ တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူဖို့ ဦးစားပေး နေခဲ့ကြပါတယ် ။

ဒီအတွက် လက်ရှိ အချိန်မှာ မန်စီးတီး အသင်းဟာ ပြိုင်ဖက် တော့တင်ဟမ် ဟော့စပါး အသင်းမှ ဟယ်ရီကိန်း နဲ့ ဒေါ့မွန် အသင်းမှ တိုက်စစ်မှူး အားလင်း ဟားလန်း တို့ကို ပစ်မှတ် ထားနေတယ်လို့ သတင်းတွေ ကျယ်လောင်နေခဲ့ ပါတယ် ။

အခြား တစ်ဖက်မှာတော့ အသက် 20 နှစ်သာ ရှိနေသေးတဲ့ နော်ဝေ လက်ရွေးစင် တိုက်စစ်မှူး အားလင်းဟားလန်းဟာ ဒေါ့မွန် အသင်းအတွက် 59 ပွဲအထိ ကစားပေးထားခဲ့ပြီး 57 ဂိုး အထိ သွင်းယူပေးထားခဲ့တဲ့ မှတ်တမ်းကောင်း တစ်ရပ်ကို ပိုင်ဆိုင်ထားပါတယ် ။

ဒါ့ကြောင့် သူ့ကို ခေါ်ယူလိုတဲ့ အသင်းတွေ များပြားနေခဲ့ပြီး အထူးသဖြင့် မန်ချက်စတာ ထိပ်သီး နှစ်သင်း ရီးယဲ မက်ဒရစ် ၊ ဂျူဗင်တပ် နဲ့ ဘာစီလိုနာ အပါအဝင် ဥရောပ ထိပ်သီး ကလပ်တွေက သူ့ကို မျက်စိကျနေကြကြောင်း သတင်းတွေ ကျယ်လောင်နေခဲ့ရ ပါတယ် ။

 

လက်ရှိ အချိန်မှာ နော်ဝေ လက်ရွေးစင် အသင်းဟာ ယူရို ခြေစစ်ပွဲ မအောင်မြင်ခဲ့တဲ့ အတွက် ယူရို ပြိုင်ပွဲကြီးမှာ ပါဝင်ရတော့မှာ မဟုတ်တော့ ပါဘူး ။ ဒါပေမယ့် နော်ဝေဟာ ခြေစမ်းပွဲ နှစ်ပွဲတော့ ကစားရဖို့ ရှိနေပါသေးတယ် ။

အဲ့ဒီမှာ သူ့ရဲ့ အနာဂတ် အကြောင်း အမေးမြန်း ခံလိုက်ရတဲ့ အချိန် မှာတော့ ဟားလန်းက သူဟာ အနာဂတ် နဲ့ ပတ်သက်လို့ အလေးအနက်ထား တွေးတော ထားတာ မရှိကြောင်း အားလပ်ရက်တွေ ကုန်ဆုံးရင် ရာသီကြို ပွဲစဥ် ကစားဖို့ အသင်းဆီ သွားရောက်မှာ ဖြစ်​ကြောင်း လိုရင်းတိုရှင်း ပြောသွားခဲ့လိုက် ပါတယ် ။

” အဲ့တာနဲ့ ပတ်သက်လို့ ကျွန်တော် ဘာတစ်ခုမှ မတွေးထားပါဘူး ။ အခု နိုင်ငံတကာ ပွဲစဥ်တွေ ပြီးဆုံးသွားရင်တော့ ကျွန်တော်ဟာ အားလပ်ရက် အတွင်း ခရီးထွက်သွားမှာပါ ။ အဲ့တာပြီးရင်တော့ ရာသီကြို ပွဲတွေကစားဖို့ အသင်းဆီ သတင်းပေးပို့ရပါလိမ့်မယ် ” လို့ ဟာလန်းက လိုရင်းတိုရှင်း ဖြေကြား သွားခဲ့လိုက် ပါတယ် ။

ထွက်ပေါ် နေတဲ့ သတင်းတွေကတော့ ဟားလန်းဟာ ဒီနွေမှာ အသင်းပြောင်းရွှေ့ မသွားနိုင်ဘူးလို့ ဖော်ပြနေခဲ့ကြ ပါတယ် ။ အကယ်လို့ ဟားလန်းကို အရ ခေါ်ယူချင်မယ် ဆိုရင်တော့ စာချုပ် ဖျက်သိမ်းကြေး ယူရို 75 သန်းထိ ပေးဆောင်ရလိမ့်မယ်လို့ သိရပါတယ် ။

#Sports_Myanmar