Sports

စီးရီးအေအကောင်းဆုံးတိုက်စစ်မှူးဆု ရော်နယ်ဒိုရရှိ

ရော်နယ်ဒိုသည် ၂၀၂၀-၂၁ ဘောလုံးရာသီအတွက် စီးရီးအေ၏ အကောင်းဆုံး တိုက်စစ်မှူးဆုကို ရရှိခဲ့သည်။ စီးရီးအေက နေရာအလိုက် အကောင်းဆုံးကစားသမားဆုများကို ကြေညာရာတွင် တိုက်စစ်မှူးနေရာအတွက် ရော်နယ်ဒိုကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ စုစုပေါင်း စီးရီးအေ ၃၃ ပွဲကစားပြီး ၂၉ ဂိုး သွင်းယူနိုင်ခဲ့သောကြောင့် လူကာကူ(၂၄ ဂိုး)၊ အီဘရာဟီမိုဗစ်ချ်(၁၅ ဂိုး) တို့ကို ကျော်ဖြတ်ကာ ထိုဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

ရော်နယ်ဒိုသည် ထိုသို့ရွေးချယ်ခံရသော်လည်း သူ၏အသင်း ဂျူဗင်တပ်မှာ အဆင့် ၄ နေရာသာ ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကို စီးရီးအေပြိုင်ပွဲ၏ နောက်ဆုံးနေ့ကျမှ ရရှိခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ဂျူဗင်တပ်သည် အီတလီဖလားကို ရရှိခဲ့ပြီး ရော်နယ်ဒိုသည် အင်္ဂလန်၊ အီတလီနှင့် စပိန်လိဂ် သုံးခုစလုံးတွင် ပြည်တွင်းဖလား ဆွတ်ခူးနိုင်သော ပထမဆုံး ကစားသမား ဖြစ်လာခဲ့သည်။

အေစီမီလန်ဂိုးသမား ဒိုနာရန်မာသည် ဂိုးမပေးရသည့်ပွဲ ၁၄ ပွဲရှိခဲ့ပြီး အကောင်းဆုံးဂိုးသမားဆုကို ရရှိခဲ့သည်။ အကောင်းဆုံးနောက်ခံလူဆုကို အတ္တလန္တာမှ ရိုမီရို၊ အကောင်းဆုံးအလယ်တန်းဆုကို အင်တာမီလန်မှ ဘာရယ်လာတို့က ရရှိသည်။ကရက်ဒစ်