Sports

ပရီးမီးယားလိဒ်ကို ပြန်လည်ရောက်ရှိတော့မယ့် သရဲနီတို့ရယ့်ခေါင်းဆောင် အရှလေယန်း

မန်ယူအသင်းမှနေပြီးအင်တာမီလန်အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့အဂ်လန်ညာနောက်ခံကစားသမားအက်ရှလေယန်းဟာ အင်တာမီလန်အသင်းနဲ့စာချုပ်သက်တမ်းတိုးချုုပ်ဆိုခြင်းမပြတော့ဘဲသူ့ရဲ့ကစားသမားဘဝစတင်ရာဝက်ဖိုစ့်အသင်းကိုပြန်လည်ပြောင်းရွှေ့တော့မယ်လို့သိရပါတယ်။

မူလကအပ်ရှလေယန်းဟာအင်တာမီလန်အသင်းနဲ့အီတလီစီးရီးအေအမှတ်ပေးဖလားရရှိပြီးနောက်မှာ နောက်ထပ်တစ်ရာသီထပ်မံသက်တမ်းတိုးပြီးအီတလီမှာနောက်ထပ်တစ်နှစ်ဆက်လက်နေထိုင်ဖို့စီစဉ်ထားပေမယ့်နည်းပြကွန်တီနှုတ်ထွက်သွားမှုနဲ့အတူယန်းရဲ့အိပ်မက်တွေပြိုလဲခဲ့ရပါတယ်။

ငွေကြေးအကြပ်အတည်းကြောင့် စီးရီးအေချန်ပီယံအသင်းဟာ ယန်းကိုစာချုပ်ဆက်မချုပ်နိုင်တာကြောင့် ယန်းတစ်ယောက် အိမ်ပြန်ဖို့ဆုုံးဖြတ်ခဲ့ပါပြီ။ယန်းဟာသူ့ရဲ့ကစားသမားဘဝစတင်ရာအသင်းဖြစ်တဲ့ ဝက်ဖိုစ့်အသင်းထံပြောင်းရွှေ့ကြေးအလွတ်နဲ့ပြန်လည်ပြောင်းရွှေ့တော့မှာပါ။

ဝက်ဖိုစ်အသင်းကတော့ ပြီးခဲ့တဲ့ဘောလုံးရာသီက လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲမှာဒုတိယရခဲ့တာကြောင့် လာမယ့်ဘောလုံးရာသီမှာပရီးမီးယားလိဂ်ကို တန်းပြန်တတ်လာခဲ့ပြီဖြစ်တာကြောင့် မန်ယူအသင်းခေါင်းဆောင်ဟောင်းကို ပရီးမီးယားလိဂ်မှာ တဖန်ပြန်မြင်ရတော့မှာပါ။

TTSoe
Sports Gaber
internet Source

Unicode





TTSoe
Sports Gaber
internet Source