Sports

ဆန်ချိုကို ဒီနေ့(၂၄)နာရီအတွင်း တရားဝင်ကမ်းလှမ်းသွားဖို့ရှိနေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့ကာလရှည်ပစ်မှတ် ဆန်ချိုကို ခေါ်ယူဖို့အတွက် ဒီနေ့(၂၄)နာရီအတွင်း ဒေ့ါမွန်အသင်းဆီ တရားဝင်ကမ်းလှမ်းသွားဖို့ရှိတယ်လို့ သတင်းထွက်နေပါတယ်။

ယူနိုက်တက်အသင်းဟာ နည်းပြမော်ရင်ဟိုလက်ထက်မှာကတည်းက ဆန်ချိုကို ခေါ်ယူဖို့စိတ်ဝင်စားခဲ့တာဖြစ်ပြီး အခုဆိုးလ်ရှားလက်ထက်မှာလည်း ဆန်ချိုအတွက် ကမ်းလှမ်းမှုနှစ်ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။

ယူနိုက်တက်အသင်းအနေနဲ့ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်ဖလားတွေကို စိန်ခေါ်နိုင်ဖို့အတွက် မန်စီးတီး၊ ချယ်လ်ဆီးတို့ကို

ရင်ဘောင်တန်းနိုင်ဖို့ ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်မယ့်အနေအထားရှိနေပြီး အခုအချိန်မှာတော့ အင်္ဂလန်လူငယ်ကြယ်ပွင့် ဆန်ချိုကို ခေါ်ယူနိုင်ဖို့နီးစပ်နေပါပြီ။

ပြီးခဲ့တဲ့တနင်္လာနေ့က ယူနိုက်တက်အသင်းရဲ့တာဝန်ရှိသူတွေဟာ ဆန်ချိုရဲ့အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်လို့ ဒေ့ါမွန်တာဝန်ရှိသူတွေနဲ့

တွေ့ဆုံစကားပြောခဲ့တယ်လို့ သတင်းထွက်ခဲ့သလို တချို့မီဒီယာတွေကတော့ ယူနိုက်တက်နဲ့ဆန်ချိုဟာ အပြောင်းအရွှေ့ကိစ္စအတွက် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရခဲ့တယ်လို့လည်း ဖော်ပြနေကြပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ ဆန်ချိုအတွက် ပေါင်(၈၅)သန်းပမာဏနဲ့ကမ်းလှမ်းသွားဖို့ရှိနေပြီး ဒေ့ါမွန်အသင်းကလည်း အဲဒီပြောင်းရွှေ့ကြေးကို လက်ခံမယ့်အနေအထားပါပဲ။

ဆန်ချိုဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ယူနိုက်တက်အသင်းဆီပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် ယူနိုက်တက်အသင်းက ဒေ့ါမွန်အသင်း တောင်းဆိုခဲ့တဲ့ ပေါင်(၁၀၈)သန်းအထိ မပေးချင်တာကြောင့် အပြောင်းအရွှေ့မဖြစ်ခဲ့ဘဲ ဆန်ချိုအစား ကာဗာနီကိုသာ ခေါ်ယူနိုင်ခဲ့တာပါ။

အခုအချိန်မှာတော့ ယူနိုက်တက်အသင်းက ဆန်ချိုရဲ့အပြောင်းအရွှေ့အပြီးသတ်နိုင်ဖို့ အရှိန်မြှင့်ကြိုးပမ်းနေတာကြောင့် မကြာခင် ဆန်ချိုကို ယူနိုက်တက်ဂျာစီနဲ့မြင်တွေ့ရဖို့ရှိနေပါပြီ။

အခုအချိန်မှာတော့ ဆန်ချိုဟာ ယူရို-၂၀၂၀ ပြိုင်ပွဲအတွက် အင်္ဂလန်အသင်းနဲ့အတူ လေ့ကျင့်နေပြီး အပြီးသတ်ကစားသမားစာရင်းမှာ ပါဝင်ဖို့များနေပါတယ်။

ယူနိုက်တက်အသင်းဟာ အခုနွေရာသီအတွင်းမှာ ဆန်ချိုအပြင် တခြားထိပ်သီးကစားသမားတွေဖြစ်တဲ့ ဗာရန်း၊ ပေါတောရက်စ်အပြင် သူတို့ရဲ့ကစားသမားဟောင်း စီရော်နယ်လ်ဒိုကိုလည်း ချိတ်ဆက်နေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ကရက်ဒစ်