Sports

ဒဏ်ရာအခြေအနေကြောင့် ယူရိုပြိုင်ပွဲနဲ့ ဝေးကွာတော့မယ့် ယူနုက်တက်ကြယ်ပွင့်

ယူနိုက်တက်အသင်းရယ့် လူငယ် တိုက်စစ်မှူးတစ်ဦးလည်းဖြစ်တဲ့ မေဆန်ဂရင်းဝုဒ်ဟာ ဒဏ်ရာ ပြသနာကြောင့် အင်္ဂလန် လက်ရွေးစင်အသင်းကနေ နုတ်ထွက်သွားခဲ့ပါတယ်။ ယူရို2020ကို ယှဉ်ပြိုင်မယ့် အင်္ဂလန်လက်ရွေးစင်အသင်းကနေ ဂရင်းဝုဒ်ကို နုတ်ထွက်‌သွားကြောင်း တရား၀င်ပြောကြားထားပါတယ်။

နောက်ပြီး လီဗာပူလ်းနောက်ခံလူအာနိုးဟာလည်း ဒီနေ့ကြေညာမယ့် နောက်ဆုံးလူစာရင်းကနေ ချန်လှပ်ခံရဖို့အခြေအနေရှိတယ်လို့ ESPN ကပြောထားပါတယ်။ညာနောက်ခံလူနေရာက ချန်ပီယံလိဂ်ဖိုင်နယ်မှာ ကစားခဲ့ကြတဲ့ ဝေါလ်ကာ၊ရီးစ်ဂျိမ်းတို့ ရှိသလို လာလီဂါချန်ပီယံတီကိုရဲ့ ကစားသမား ထရီပီယာ လည်းရှိတာမို့ အာနိုးတစ်ယောက်တော့ မပါလောက်တော့ဘူးလို့ပြောနေကြပါတယ်။

အင်္ဂလန် အသင်းအနေနဲ့ကတော့ အသင်းခေါင်းဆောင် မက်ဂွိုင်း‌ယားတို့လိုကစားသမားတွေလည်း ဒဏ်ရာ ရနေပါတယ်။ မနက်ဖြန်မှာ ဩစတေးလျအသင်းနဲ့ အင်္ဂလန် အသင်းတို့ ယှဉ်ပြိုင်ကစားတော့မှာဘဲဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source