Sports

အသက်၃၃နှစ်ပြည့်ပြီဖြစ်တဲ့ ပရိတ်သတ်တွေရယ့်အချစ်တော် သရဲနီတပ်သားဟောင်း

ယူနိုက်တက်ပရိတ်သတ်တွေရယ့် တစ်ချိန်ကချစ်ခဲ့ရတဲ့ ချီချာရီတို လို့ လူသိများတဲ့ တိုက်စစ်မှူး ဂျာဗီရာ ဟာနန်ဒက်စ်ဟာ ယနေ့ ဇန်နဝါရီလ 1ရက်နေ့မှာ အသက်33နှစ်ပြည့်ခဲ့ပြီဘဲဖြစ်ပါတယ်။ ချီချာရီတိုကတော့ နည်းပြကြီး ဖာဂူဆန်လက်ထက်မှာ လပ်ကီးကောင်လေး လို့ လူသိများခဲ့ပါတယ်။ ယူနိုက်တက်ကို သူရောက်တဲ့နှစ်မှာ သွင်းဂိုး 20ထိ သွင်းယူခဲ့ပါတယ်။

ထို့အပြင် ယူနိုက်တက်နှင့်အတူဖလားရရှိခဲ့ပြီး ချန်ပီရံလိဒ်ဖိုင်နယ်လည်း တက်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် နည်းပြဒေးဗစ်မိုရက်စ် နဲ့ ဗန်ဟားလ် လက်ထက်မှာတော့ ပွဲထွက်ခွင့်ပျောက်ဆုံးပြီး ရီးရဲလ်မက်ဒရစ်ကို အငှားဖြင့် ကစားစေခဲ့ပါတယ်။ ထို့နောက် လေဗာကူဆင်သို့ ပြောင်းရွေ့သွားပြီး နှစ်နှစ်အကြာမှာ ၀က်စ်ဟမ်းမှာ သွားရောက်ကစားခဲ့ပါတယ်။ ယခုပးအချိန်မှာတော့ အယ်လ်အေဂလက်စီအသင်းမှာ ကစားနေပါတယ်။

ချီချာရီတိုဟာ ယူနိုက်တက်မှာ 103ပွဲကစားခဲ့ပြီး သွင်းဂိုး(37) ဂိုး သွင်းယူထားပါတယ်။တစ်ချိန်က ရှေ့တန်းမှာ လူစားလဲပြီး ချီချာရီတို၀င်လာလျှင် သွင်းဂိုးတွေရရှိခဲ့တဲ့ အမှတ်တရတွေဟာ ယူနိုက်တက်ပရိတ်သတ်တွေရင်ထဲထင်ကျန်နေမှာဘဲ ဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source

Unicode




TTSoe
Sports Gaber
internet Source