Sports

အကောင်းဆုံးနောက်တန်းကို ပိုင်ဆိုင်ဖို့ ကြိုးစားလာတဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ နောက်ရာသီမှာ အကောင်းဆုံး နောက်တန်းကို ရရှိဖို့ကြိုးစားလာပါတယ်။ ယူနိုက်တက်အသင်းဟာ မက်ဂွိုင်းယား၊ လင်ဒီလော့ဒ်၊ ဘိုင်ယီ၊ တွမ်ဇမ်ဘီတို့ရှိနေတဲ့ နောက်တန်းမှာ လိုအပ်ချက်တွေရှိနေတာ တွေ့ရပါတယ်။ ယူနိုက်တက်ဟာ မက်ဂွိုင်းယား ဒဏ်ရာရပြီးနောက်ပိုင်းမှာ နောက်တန်းမှာ အခြေအနေဆိုးရွားခဲ့ရပါတယ်။ ထို့ကြောင့်ယူနိုက်တက်ဟာ ခံစစ်သမား သုံးယောက်လောက်နဲ့ကို သတင်းတွေထွက်နေပါတယ်။

ပထမတစ်ယောက်ကတော့ ရီးရဲလ်ကစားသမား ဗာရိန်းဖြစ်ပါတယ်။ ဗာရိန်းဟာ အရည်အချင်းပြည့်၀နေတဲ့ ကစားသမားဖြစ်ပြီး ပြင်သစ်အသင်းနှင့် ကမ္ဘာ့ဖလား ရီးရဲလ်နဲ့လည်း ဆုဖလားပေါင်းများစွာ ရယူထားသူဖြစ်ပါတယ်။

ဒုတိယတစ်ယောက်ကတော့ ဗီလာရီးရဲလ်မှ ‌တောရက်စ်ဖြစ်ပြီး ယူနိုက်တက်တို့ စိတ်၀င်းစားနေတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ တတိယတစ်ယောက်ကတော့ ဆီဗီလာအသင်းက ကွန်ဒီဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ သတင်းတွေထွက်နေတဲ့ ထိုကစား‌သ‌မားတွေထဲ ဘယ်သူကို ခေါ်ယူနိုင်မလဲဆိုတာ စိတ်၀င်စားဖွယ်စောင့်ကြည့်ရမှာဘဲဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source

Unicode




TTSoe
Sports Gaber
internet Source