အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပါ၀င်ခွင့်မရရှိခဲ့တဲ့ အကသမားလေး လင်ဂတ်

အင်္ဂလန် လက်ရွေးစင်အသင်းဟာ ယူရို၂၀၂၀ ပြိုင်ပွဲကို ယှဉ်ပြိုင်ဖို့ လူစာရင်းကို တရား၀င်ထုတ်ပြန်ခဲ့ပါတယ်။ ထိုစာရင်းမှာ သရဲနီတပ်သားတစ်ဦးဖြစ်တဲ့ လင်ဂတ် တစ်ယောက် မပါ၀င်ခဲ့ပါဘူး။ လင်ဂတ်ဟာ ဒဏ်ရာပြသနာမရှိပေမယ့် ‌နည်းပြဆောက်ဂိတ် တစ်ယောက် ခေါ်ယူခြင်းမရှိခဲ့ပါဘူး။

လင်ဂတ်ဟာ ရာသီအစ ယူနိုက်တက်မှာ ခြေစွမ်းဟာ ကောင်းမွန်ခြင်းမရှိတဲ့အပြင် ပွဲထွက်ခွင့်လည်းမရခဲ့ပါဘူး။ ဒါပေမယ့် ၀က်စ်ဟမ်းအသင်းကို အငှားဖြင့် သွားရောက်ကစားခဲ့တဲ့အခါမှာ ခြေစွမ်းပြထားနိုင်သူဖြစ်ပါတယ်။ လင်ဂတ်ဟာ ၀က်စ်ဟမ်းအသင်းမှာ ၁၆ပွဲကစားထားပြီး(၉)ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှု (၄)ကြိမ်အထိ ရှိပါတယ်။

ယူရိုပြိုင်ပွဲဝင်မယ့် အင်္ဂလန်ပဏာမ ၃၃ ဦးထဲက ဂရင်းဝုဒ် ( ဒဏ်ရာကြောင့်နုတ်ထွက် ) အပြင် ရမ်စ်ဒေးလ် ၊ ဝှိုက် ၊ ဂေါ့ဖရေး ၊ ဝါ့ဒ်ပရောက်စ် ၊ လင်ဂတ် ၊ ဝက်ကင်းစ်တို့ ၇ ဦးချန်လှပ်ခံခဲ့ရပါတယ် ။

TTSoe
Sports Gaber
internet Source