Sports

2 Jun နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ခံစစ်ပိုင်းအတွက် အတွေ့အကြုံနုသေးတဲ့ ဆီဗီလာနောက်ခံလူ ဂျူးလ် ကွန်ဒီကို ခေါ်ယူမယ့်အစား ဘောလုံးပေးပို့ပုံ ကောင်းမွန်ပြီး အဆင်သင့်သုံးလို့ရနိုင်တဲ့ နာပိုလီနောက်ခံလူ ခါလီဒူး ကူလီဘေလီကို ပေါင် ၄၃ သန်းနဲ့ ခေါ်ယူဖို့ရှိလာ။

– ပြီးခဲ့တဲ့ နွေရာသီကတည်းက ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားခဲ့တဲ့ ဒေါ့မွန်တောင်ပံကစားသမား ဂျေဒန် ဆန်ချိုအနေနဲ့ လက်ရှိမှာလည်း မန်ချက်စတာယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေဆဲဖြစ်ပြီး ဆွေးနွေးမှုတွေမှာ ကျေနပ်စရာဖြစ်ခဲ့သလို ကလပ်အသင်းချင်းပဲ တေ့တေ့ဆိုင်ဆိုင် စကားပြောရဖွယ်ရှိနေ။

– ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ သူတို့ရဲ့ နောက်ခံလူ ရာဖေးလ် ဗာရွန်းကို ယူရိုသန်း ၆၀ ရရှိရင် ရောင်းချပေးသွားဖို့ မီးစိမ်းပြလိုက်ပြီဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပြင်သစ်သားရဲ့ လက်ရှိလုပ်ခနှစ်ဆဖြစ်တဲ့ ပေါင်နှစ်သိန်း ပေးချေသွားဖို့ စီစဉ်နေ။

– ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို ဆက်လက်ထိန်းသိမ်းထားလိုတဲ့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ခေါ်ယူရာမှာ တခြားကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဒွန်နီ ဗန်ဒဘိခ်နဲ့ အလဲအထပ်လုပ်သွားဖို့ စဉ်းစားနေပြီး ဒတ်ချ်ကွင်းလယ်လူအနေနဲ့ သူ့ရဲ့အသင်းဖော်ဟောင်း မက်သစ် ဒီလစ်ချ်နဲ့ ပြန်လည်ပူးပေါင်းနိုင်ဖို့ ခန့်မှန်းနေကြ။

– အေစီမီလန်အသင်းရဲ့ အလွတ်နဲ့ ထွက်ခွာမယ့် ကစားသမားတစ်ဦးဖြစ်တဲ့ ကွင်းလယ်လူ ဟာကန် ချယ်လ်ဟာနိုးလူးကို ယူနိုက်တက်တို့ စောင့်ကြည့်နေပြီး ဂျူဗင်တပ်စ်အသင်းကလည်း အလိုရှိနေခဲ့တဲ့ တူရကီလက်ရွေးစင် ဖရီးကစ် စပယ်ရှယ်လစ်ကို ချိတ်ဆက်စုံစမ်းထား။

– ယူရိုပါလိဂ်ဖိုင်နယ်ကို လွဲချော်ခဲ့ရပြီး အသင်းအတွက် ဆုဖလားတစ်လုံးကို မရနိုင်ခဲ့တဲ့ အဓိက အကြောင်းရင်းတစ်ရပ်ဖြစ်ခဲ့တဲ့ ဒဏ်ရာရ အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားအနေနဲ့ ဒဏ်ရာအခြေအနေ တိုးတက်ကောင်းမွန်နေပြီး အင်္ဂလန်အသင်းနဲ့အတူ ယူရို ၂၀၂၁ ပွဲစဉ်တွေကို ပါဝင်ကစားနိုင်ဖို့ ပစ်မှတ်ထားနေ။

– မန်ချက်စတာယူနိုက်တက်အသင်းဘက်က အလိုရှိနေတဲ့ ပေါင် ၂၅ သန်းကို ပေးချေလိုခြင်းမရှိပေမယ့် ဝက်စ်ဟမ်းအသင်းအနေနဲ့ ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ်အတွက် ထပ်မံဆွေးနွေးသွားဖို့ ရှိနေပြီး ယူရိုပြိုင်ပွဲဝင် အင်္ဂလန်လူစာရင်းနဲ့ လွဲချော်ခဲ့ပေမယ့် အသက် ၂၈ နှစ်သားကို နည်းပြ ဒေးဗစ်မွိုက်စ်နဲ့ တာဝန်ရှိသူတွေက ခေါ်ယူဖို့ တတ်စွမ်းသမျှ ကြိုးစားဖွယ်ရှိနေ။

– အင်တာမီလန်အသင်းကို ရောင်းချထားခဲ့တဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူးအတွက် ယူနိုက်တက်တို့အနေနဲ့ နောက်ထပ်ပြောင်းရွှေ့မှုက ခံစားခွင့်အပြင် ၁၀ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိရှိနိုင်တဲ့ သဘောတူညီမှုကို ထည့်သွင်းထားတယ်လို့ ခန့်မှန်းနေကြပြီး နွေမှာ ဘယ်လ်ဂျီယမ်သားအနေနဲ့ အသင်းပြောင်းရွှေ့ဖြစ်ခဲ့ရင် ပေါင် ၇ သန်းနဲ့အထက် ရရှိနိုင်။

– မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချဲလ်ဆီးအသင်းရဲ့ ရည်မှန်းချက်တွေနဲ့ အောင်မြင်မှုဆီ သွားရာလမ်းဟာ မတူညီတာကြောင့် သူတို့အနေနဲ့ လန်ဒန်ကလပ်က ဖရန့် လမ်းပတ်ကို ထုတ်ပယ်ခဲ့သလို အပြုအမူမျိုးကို လုပ်မှာမဟုတ်ဘဲ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားကို အိုးလ်ထရက်ဖို့ဒ်မှာ ဆက်လက်ထိန်းသိမ်းသွားဖို့ပဲရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT OWNERS
SPORTS A2Z.