Sports

စီးတီး ဝန်ထမ်းတွေကို ကား နဲ့ နာရီတွေ လက်ဆောင်ပေးခဲ့တဲ့ အဂွေရို

ပြီးခဲ့တဲ့ တနင်္လာနေ့ နံနက်ဟာ ဆာဂျီယို အဂွေရို ရဲ့ မန်ချက်စတာ စီးတီး ကစား သမား ဘ၀ တရားဝင် ပြီးဆုံးတဲ့ နံနက်ခင်း ဖြစ်ခဲ့ ပါတယ် ။ စီးတီး မှာ ဆယ်စုနှစ် တစ်ခုကြာ ကစားပြီး ဂိုးပေါင်း များစွာ သွင်းယူ ပေးခဲ့တဲ့ တိုက်စစ်မှူးကြီးဟာ အဆိုပါ နေ့လည် မှာတော့ ဘာစီလိုနာ အသင်းနဲ့ စာချုပ် ချုပ်ဆိုကာ စပိန်မြေ ကို ပြန်လည် ပြောင်းရွှေ့ သွားခဲ့ ပါပြီ ။

အဂွေရို ဟာ မန်စီးတီး ကို ၂၀၁၁ ခုနှစ် တုန်းက အက်သလက်တီကို မက်ဒရစ် ကနေ ပေါင် ၃၅ သန်း နဲ့ ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပြီး ကလပ် အတွက် ပွဲပေါင်း ၃၉၀ ကစား ပေးရာမှာ ဂိုးပေါင်း ၂၆၀ သွင်းယူပြီး အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် မှတ်တမ်းရေးထိုး နိုင်ခဲ့ ပါတယ် ။

အဂွေရို ဟာ စီးတီး ကနေ မထွက်ခွာ ခင်မှာ အသင်းရဲ့ တာဝန်ကျေ ဝန်ထမ်းတွေ ကို အတတ် နိုင်ဆုံး နှုတ်ဆက် လက်ဆောင်တွေ ပေးအပ် သွားခဲ့တယ် လို့ သိရ ပါတယ် ။ အဂွေရို ဟာ မန်စီးတီး အသင်းကြီး အတွက် တာဝန် ထမ်းဆောင်ပေးတဲ့ ဝန်ထမ်းတိုင်းကို နာရီ တစ်လုံးစီ လက်ဆောင် ပေးခဲ့ပြီး “Gracias! Kun Aguero” ဆိုတဲ့ စာသားကို နာရီမှာ ရိုက်နှိပ် ထားခဲ့ ပါတယ် ။

အဆိုပါ နာရီတွေ ဟာ ပရီးမီးယားလိဂ် ရဲ့ စပွန်ဆာတွေ ဖြစ်တဲ့ Hublot သို့ Tag Heuer က နာရီတွေ ဖြစ်ပြီး တစ်လုံး ကို ပေါင် ၁ ထောင် တန်ဖိုး ရှိတယ်လို့ သိရ ပါတယ် ။ ဒါတင် မကသေးပါဘူး ။ အဂွေရို ဟာ သူ မန်ချက်စတာ မှာ စီးနင်း ခဲ့တဲ့ ရိန့်ရိုဗာ ကား ( ပေါင် ၃ သောင်းခန့် တန်ဖိုးရှိ ) ကို မဲဖောက် ခဲ့ပြီး စီးတီးရဲ့ အဝတ်တာဝန်ခံ တစ်ဦးဟာ ကံထူးရှင် ဖြစ်သွားခဲ့ ပါတယ် ။

အဂွေရို ဟာ ယခင် ကတည်းက မန်စီးတီး အသင်း ဝန်ထမ်းတွေကို ပြန်လည် ကြည့်ရှုသူ တစ်ဦး အဖြစ် လူချစ် လူခင် များခဲ့ပြီး ဝန်ထမ်းတွေကို တစ်နှစ် ၂ ကြိမ်ခန့် လက်ဆောင်တွေ ပေးလေ့ ရှိတယ်လို့ ကြားသိရ ပါတယ် ။

ဒီတစ်ကြိမ် မှာတော့ အဂွေရို ဟာ သူ့ရဲ့ နောက်ဆုံး နှုတ်ဆက်မှု အဖြစ် မော်တော်ကား အပါအဝင် ပေါင် ၉ သောင်းကျော် တန်ဖိုး ရှိတဲ့ လက်ဆောင်တွေ ကို သူ ဂရုစိုက်တဲ့ စီးတီး ဝန်ထမ်းတွေ ကို ပေးအပ် သွားခဲ့တာပဲ ဖြစ်ပါတယ် ။

စီးတီး နည်းပြကြီး ဂွာဒီယိုလာ ကိုယ်တိုင်က အသင်းက လူတွေ အားလုံးဟာ အဂွေရို ကို ချစ်ခင် ကြပြီး အဂွေရို ဟာ ဂျိုးဟတ် ၊ ဆေးလ်ဗား တို့လိုမျိုး အသင်းရဲ့ ဝန်ထမ်းတွေကို ပြန်လည် ကူညီ ပေးတတ်သူ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“ကျွန်တော်တို့ သူ့ကို ( အဂွေရို ) အရမ်း နှစ်သက် ကြပါတယ် ။ သူက တကယ့် လူကောင်းပါ ။ သူ့နေရာကို အစားထိုးဖို့ ဆိုတာ မဖြစ်နိုင် ပါဘူး ။ စီးတီး မှာ ဂျိုးဟတ် ၊ ဒေးဗစ် ( ဆေးလ်ဗား ) တို့ ဟာ ဝန်ထမ်းတွေကို အမြဲ ပြန်ကြည့် ပေးကြတဲ့ သူတွေပါ ။

အဂွေရို ကလည်း တစ်ယောက် အပါအဝင် ပါပဲ ။ ဒီကလပ် မှာ သူ့ရဲ့ အမွေအနှစ်တွေက ထာဝရ ကျန်ရှိ နေမှာပါ” လို့ စီးတီး နည်းပြကြီး က ပြောဆို ချီးကျုး သွားခဲ့ ပါတယ် ။

SPORTS MYANMAR