Sports

ယူနိုက်တက်အသင်းကြီးလူစာရင်းမှာ တွေမြင်ရတော့မယ့် လူငယ်ကြယ်ပွင့် ဂျိမ်းဂါနာ

ယူနိုက်တက်အသင်းဟာ သူတို့ရယ့် လူငယ်ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်တဲ့ ဂျိန်းဂါနာကို နော်တင်ဟမ်ကို အငှားချထားခဲ့ပါတယ်။ ယခုအခါမှာတော့ ကွင်းလယ်ကစားသမားဂျိမ်းဂါနာကို နော်တင်ဟမ်ကနေပြန်လည်ခေါ်ယူခဲ့ပါတယ်။ နည်းပြဆိုးရှားလ်အနေနဲ့ကတော့ ဂျိမ်းဂါနာကို နောက်ရာသီ အသင်းကြီးလူစာရင်းမှာ ထည့်ဖို့ စဉ်းစားနေတဲ့အကြောင်း သတင်းတွေထွက်ပေါ်လာပါတယ်။

အသက်နှစ်ဆယ်သာရှိသေးတဲ့ ဂါနာ ဟာ ယူနိုက်တက်ရယ့် ငယ်မွေးခြံပေါက် ကစားသမားဖြစ်တဲ့အပြင် ၀က်ဖို့ဒ်နှင့် နော်တင်ဟမ် အသင်းတွေမှာ အငှားချပြီး အတွေ့အကြုံရအောက် ကစားစေခဲ့ပါတယ်။ ဂျိမ်းဂါနာဟာ နော်တင်ဟမ် အသင်းမှာ ၂၀ပွဲကစားထားပြီး သွင်ဂိုး လေးဂိုးထိသွင်းယူကာ ခြေစွမ်းပြထားခဲ့ပါတယ်။

နည်းပြဆိုးရှားအနေနဲ့ကတော့ ကွင်းလယ်လိုအပ်ချက်ကို ဂျိမ်းဂါနာနဲ့ ဖြေရှင်းဖို့ ကြိုးစားလာတဲ့ အတွက် နောက်ရာသီမှာ ယူနိုက်တက်အသင်းကြီးလူစာရင်းမှာ ပါ၀င်မယ်လို့ သတင်းတွေအရသိရပါတယ်။ ဂျိမ်းဂါနာတစ်ယောက် ယူနိုက်တက် အသင်းကြီး မှာ ခြေစွမ်းပြ ကစားလာနိုင်မလား စောင့်ကြည့်ရမှာဘဲဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source