Sports

ကမ္ဘာ့အဆင့်တိုက်စစ်မှုးခေါ်လိုက်တာနဲ့ လာမယ့်နှစ် EPLဖလား ချယ်လ်ဆီးရပြီလို့ ဆိုတဲ့ ဂါးလတ်စ်

တူချယ်လ် အနေနဲ့ အခုနွေရာသီအပြောင်းအရွှေ့မှာ ကမ္ဘာ့အဆင့်ရှိတဲ့ တိုက်စစ်မှုးခေါ်ယူနိုင်ခဲ့မယ်ဆိုရင် လာမယ့်ရာသီ ပရီးမီးယားလိဂ်ဖလားကို ချယ်လ်ဆီး အသင်းရယူနိုင်မှာဖြစ်တယ်လို့ နောက်ခံလူဟောင်း ဝီလျံဂါးလတ်စ် က ပြောပါတယ်။နည်းပြ တူချယ်လ် လက်ထက်မှာ တိုးတက်မှုတွေရှိနေတဲ့ ချယ်လ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ရာသီက အဆင့်(၄)နေရာနဲ့ ရာသီအဆုံးသတ်ခဲ့တာဖြစ်ပေမယ့် လာမယ့်ရာသီမှာ မန်စီးတီး၊လီဗာပူးလ် အသင်းတို့နဲ့ အပြိုင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

ချယ်လ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ရာသီက နည်းပြ တူချယ်လ် လက်ထက်မှာ အက်ဖ်အေဖလား ဗိုလ်လုပွဲတက်နိုင်ခဲ့ပြီး ဒုတိယနဲ့ ကျေနပ်ခဲ့ရပေမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာတော့ မန်စီးတီး အသင်းကို အနိုင်ရကာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ချယ်လ်ဆီး အသင်းနည်းပြ တူချယ်လ် ကိုယ်တိုင်က လာမယ့်ရာသီ အသင်းရဲ့တိုက်စစ်ပိုင်း ပိုမိုအားကောင်းအောင် တိုက်စစ်မှုး ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ချယ်လ်ဆီး အသင်းဟာ လက်ရှိအချိန်မှာ ဒေါ့မွန်တိုက်စစ်မှုး ဟာလန်း၊ စပါးတိုက်စစ်မှုး ဟာရီကိန်းနဲ့ အင်တာတိုက်စစ်မှုး လူကာကူ တို့ကို ခေါ်ယူဖို့ ချိတ်ဆက်နေတာပါ။

ဝီလျံဂါးလတ်စ် က “ကျွန်တော်ပြီးခဲ့တဲ့ရာသီက လန်ဒန်ကလပ်(၁)သင်း ဗိုလ်စွဲမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒါကမဖြစ်ခဲ့လို့ အနည်းငယ်စိတ်ပျက်ခဲ့ရပါတယ်။ချယ်လ်ဆီး အသင်းဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ အကောင်းဆုံးအခွင့်အရေးရှိပါတယ်။ဘာလို့လဲဆိုရင် ချန်ပီယံလိဂ်မှာ သူတို့ဘယ်လိုကစားခဲ့လဲဆိုတာကို ကြည့်ပြီး အသင်းတိုင်းက ကြောက်နေကြပါလိမ့်မယ်။တကယ်လို့ ချယ်လ်ဆီး အသင်းက ကမ္ဘာ့အဆင့်တိုက်စစ်မှုး ခေါ်ယူခဲ့မယ်ဆိုရင် သူတို့ ချန်ပီယံဖြစ်သွားမှာပါ”

“ကလပ်အသင်းကြီးဖြစ်ဖို့ အတွက်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်ရရမှာဖြစ်ပြီး ကလပ်အသင်းကြီးတွေသာ ဒီလိုဝင်ခွင့်ရတာပါ။ဒါကြောင့်လည်း စီးတီး၊ယူနိုက်တက်၊လီဗာပူးလ်နဲ့ ချယ်လ်ဆီး အသင်းတို့က ချန်ပီယံလိဂ်ဝင်ခွင့်ရပါတယ်။အာဆင်နယ်နဲ့ စပါး တို့က အသင်းကြီးတွေမဟုတ်တဲ့ အတွက် ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ပါဘူး”လို့ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။ကရက်ဒစ်

Zawgyi

တူခ်ယ္လ္ အေနနဲ႔ အခုေႏြရာသီအေျပာင္းအေရႊ႕မွာ ကမၻာ့အဆင့္ရွိတဲ့ တိုက္စစ္မႈးေခၚယူနိုင္ခဲ့မယ္ဆိုရင္ လာမယ့္ရာသီ ပရီးမီးယားလိဂ္ဖလားကို ခ်ယ္လ္ဆီး အသင္းရယူနိုင္မွာျဖစ္တယ္လို႔ ေနာက္ခံလူေဟာင္း ဝီလ်ံဂါးလတ္စ္ က ေျပာပါတယ္။နည္းၿပ တူခ်ယ္လ္ လက္ထက္မွာ တိုးတက္မႈေတြရွိေနတဲ့ ခ်ယ္လ္ဆီး အသင္းဟာ ၿပီးခဲ့တဲ့ရာသီက အဆင့္(၄)ေနရာနဲ႔ ရာသီအဆုံးသတ္ခဲ့တာျဖစ္ေပမယ့္ လာမယ့္ရာသီမွာ မန္စီးတီး၊လီဗာပူးလ္ အသင္းတို႔နဲ႔ အၿပိဳင္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ရယူဖို႔ ပစ္မွတ္ထားေနတာျဖစ္ပါတယ္။

ခ်ယ္လ္ဆီး အသင္းဟာ ၿပီးခဲ့တဲ့ရာသီက နည္းၿပ တူခ်ယ္လ္ လက္ထက္မွာ အက္ဖ္ေအဖလား ဗိုလ္လုပြဲတက္နိုင္ခဲ့ၿပီး ဒုတိယနဲ႔ ေက်နပ္ခဲ့ရေပမယ့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာေတာ့ မန္စီးတီး အသင္းကို အနိုင္ရကာ ခ်န္ပီယံဆုကို ရယူနိုင္ခဲ့တာျဖစ္ပါတယ္။ခ်ယ္လ္ဆီး အသင္းနည္းၿပ တူခ်ယ္လ္ ကိုယ္တိုင္က လာမယ့္ရာသီ အသင္းရဲ့တိုက္စစ္ပိုင္း ပိုမိုအားေကာင္းေအာင္ တိုက္စစ္မႈး ေခၚယူဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။ခ်ယ္လ္ဆီး အသင္းဟာ လက္ရွိအခ်ိန္မွာ ေဒါ့မြန္တိုက္စစ္မႈး ဟာလန္း၊ စပါးတိုက္စစ္မႈး ဟာရီကိန္းနဲ႔ အင္တာတိုက္စစ္မႈး လူကာကူ တို႔ကို ေခၚယူဖို႔ ခ်ိတ္ဆက္ေနတာပါ။

ဝီလ်ံဂါးလတ္စ္ က “ကၽြန္ေတာ္ၿပီးခဲ့တဲ့ရာသီက လန္ဒန္ကလပ္(၁)သင္း ဗိုလ္စြဲမယ္လို႔ ခန႔္မွန္းခဲ့ပါတယ္။ဒါေပမယ့္ အဲ့ဒါကမျဖစ္ခဲ့လို႔ အနည္းငယ္စိတ္ပ်က္ခဲ့ရပါတယ္။ခ်ယ္လ္ဆီး အသင္းဟာ လာမယ့္ရာသီ ပရီးမီးယားလိဂ္ဖလားကို ရယူနိုင္ဖို႔ အေကာင္းဆုံးအခြင့္အေရးရွိပါတယ္။ဘာလို႔လဲဆိုရင္ ခ်န္ပီယံလိဂ္မွာ သူတို႔ဘယ္လိုကစားခဲ့လဲဆိုတာကို ၾကည့္ၿပီး အသင္းတိုင္းက ေၾကာက္ေနၾကပါလိမ့္မယ္။တကယ္လို႔ ခ်ယ္လ္ဆီး အသင္းက ကမၻာ့အဆင့္တိုက္စစ္မႈး ေခၚယူခဲ့မယ္ဆိုရင္ သူတို႔ ခ်န္ပီယံျဖစ္သြားမွာပါ”

“ကလပ္အသင္းႀကီးျဖစ္ဖို႔ အတြက္ဆိုရင္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရမွာျဖစ္ၿပီး ကလပ္အသင္းႀကီးေတြသာ ဒီလိုဝင္ခြင့္ရတာပါ။ဒါေၾကာင့္လည္း စီးတီး၊ယူနိုက္တက္၊လီဗာပူးလ္နဲ႔ ခ်ယ္လ္ဆီး အသင္းတို႔က ခ်န္ပီယံလိဂ္ဝင္ခြင့္ရပါတယ္။အာဆင္နယ္နဲ႔ စပါး တို႔က အသင္းႀကီးေတြမဟုတ္တဲ့ အတြက္ ခ်န္ပီယံလိဂ္ဝင္ခြင့္မရခဲ့ပါဘူး”လို႔ ထည့္သြင္းေျပာဆိုသြားခဲ့ပါတယ္။ကရက်ဒစ်