Sports

လူကာကူသာ ပရီးမီးယားလိဂ် ပြောင်းရွှေ့လာပါက အကျိုးအမြတ်ကြီးကြီးမားမား ရရှိဦးမယ့် ယူနိုက်တတ်အသင်း

မန်ယူနိုက်တဒ် အသင်း ရဲ့တိုက်စစ်မှုးဟောင်း ရိုမဲလူ လူကာကူ ကို အီတလီ ထိပ်သီး အင်တာမီလန် ထံရောင်းချခဲ့ပြီးနောက် ဘလ်ဂျီယံသားရဲ့ ခြေစွမ်းပြမှု့နဲ့အတူ အီတလီ ချန်ပီယံအဖြစ် အောင်ပန်းဆင်နိုင်ခဲ့ပါတယ်။ လူကာကူဟာ ဆီးရီအေ မှာ ဂိုး(၅၀) ကိုအမြန်ဆုံးပြည့်မြောက်ခဲ့သလို ဒိုကြီး (ခေါ်) ရော်နယ်ဒို ရဲ့ စံချိန်တစ်ချိန်ကိုပါလိုက်မှီခဲ့ပြီး သူဟာ ထိပ်သီး အဆင့်မှာ ရှိနေဆဲဖြစ်ကြောင်းကို သက်သေပြခဲ့သလို ဒီရာသီမှာတော့ သွင်းဂိုး နဲ့ဂိုးဖန်တီးမှု့ (၄၀+)ပြုလုပ်နိုင်ခဲ့ကာ အင်တာမီလန် ကို စကူတက်ဒို ဖလား ရယူပေးနိုင်ခဲ့ပါတယ်။ ဒီလိုခြေစွမ်းတွေကြောင့်လည်း (၂၇)နှစ်သား ပရီးမီးယားလိဂ်ထိပ်သီး ဖြစ်ခဲ့ဖူးတဲ့ တိုက်စစ်မှုးကိုအသင်းဟောင်းချဲလ်ဆီးကအလိုရှိနေပြီး ယူနိုက်တဒ်ကတော့အကျိူးမြတ်ရမယ့်အခြေနေတစ်ခုပေါ်ပေါက်လာပါတယ်။

လူကာကူကို ယူနိုက်တဒ်က အင်တာထံရောင်းချခဲ့စဉ်က ယူရိုသန်း(၉၀) နဲ့ ရောင်းချခဲ့ပြီး အဆိုပါအချိန်က အီတလီကလပ်ဟာ ယူရို(၄၅)သန်းသာ ငွေသားပေးချေခဲ့ကာ ကျန်ငွေကို လူကာကူ ကိုရောင်းချချိန်မှသာ ငွေသား(သို့) အဆိုပါငွေသားနဲ့ညီမျှ တဲ့ကစားသမား ကို ပေးမယ်လို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။ ယခုရာသီမှာ လူကာကူ ကို ချဲလ်ဆီးကအလိုရှိနေလို့ ယူရိုသန်း(၁၀၀) နဲ့ရောင်းချဖို့ပြင်ဆင်နေတဲ့ အင်တာမီလန် ဟာ အမှန်တကယ် ရောင်းချနိုင်ခဲ့ရင် ယူနိုက်တဒ်ထံ သူတို့ပေးချေရန်ကျန်ရှိတဲ့ယူရို(၄၅)သန်းကို ပေးချေရမှာဖြစ်ပြီး ငွေပေးချေလိုခြင်းမရှိရင် ဈေးကွက်ပေါက်ဈေးအရ ယူရို(၄၅)သန်းတန်ကစားသမား တစ်ဦးကိုအလိုက်ပေး ရမှာဖြစ်ပါတယ်။

ယူနိုက်တဒ် အတွက် ဒီရာသီဘက်ဂျက်ထဲကို ယူရို(၄၅)သန်းထပ်မံဝင်ရောက်လာတာက ကောင်းမွန်တဲ့အရွေ့တစ်ခုဖြစ်သလို အင်တာထံကဿစားသမားကောင်းတစ်ယောက်ကို ရရှိမယ်ဆိုလည်း အမြတ်ထွက်တယ်လို့ဆိုရနိုင်ပါတယ်။အင်တာမှာ ယူနိုက်တဒ် ကွင်းလယ်အတွက် အဖြေဖြစ်လာနိုင်တဲ့ ဘရိုဇိုဗစ်၊ ခံစစ်အတွက်ခေါ်ယူသင့်တဲ့ ရှကရီငြာ တို့ရှိနေပြီး ယူရို(၄၅)သန်းထက် တန်ကြေး ရှိတဲ့ ကစားသမားတွေက ဆိုးလ်ရှားအတွက် တိုက်စစ်မှုးခေါ်ယူရေးကို ဘက်ဂျက်လုံလောက်စွာဖြည့်တင်းနိုင်ဖို့ အကျိုးပြုနိုင်ပါသေးတယ်။

အင်တာ နဲ့ ချဲလ်ဆီးကြား ညှိနှိူင်းမှု့တွေက နောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီး လူကာကူ ဟာ သူ့ရဲ့ အသင်းဟောင်းကိုပြန်လည်သွားရောက်ဖို့စိတ်အားထက်သန်နေကာ ယူရိုသန်း(၁၀၀) တနိအပြောင်းရွှေ့က ယူနိုက်တဒ်၊အင်တာ၊ချဲလ်ဆီး သုံးသင်းလုံးကို အကျိုးဖြစ်ထွန်းစေမှာတော့အသေချာပါပဲ။

ကရက်ဒစ်