ညာတောင်ပံပြသနာအတွက် ဖြေဆေးဖော်နိုင်ခဲ့တဲ့ ဆိုးလ်ရှား

မန်ယူနိုက်တဒ် အသင်းနည်းပြ ဆိုးလ်ရှားက ရော်နယ်ဒို/နာနီ တို့မရှိတော့တဲ့နောက် လစ်လပ်သွားတဲ့ ညာတောင်ပံ တိုက်စစ် ပြသနာကို ယခုရာသီ အရေးကြီး ဖြေရှငိးရမယ့် အခြေအနေတစ်ရပ်အဖြစ်သတ်မှတ်ထားပါတယ်။ ညာတောင်ပံ တိုက်စစ်မှာ အာမက်၊ဒန်ဂျိမိးစ် နဲ့ ဂရင်းဝုဒ်ကိုသာပိုင်ဆိုင်ထားတာကြောင့် ဆိုးလ်ရှားက မလုံလောက်ဘူးလို့ ယူဆထားကာ ပိုမိုစွမ်းရည်ပြည့်ဝတဲ့ ပွဲထွက်ကစားသမားအဆင့် ကစားသမားမျိုးကိုရှာဖွေနေတာဖြစ်ပါတယ်။ဆိုးလ်ရှားရဲ့ ပစ်မှတ်တွေထဲဂျေဒန်ဆန်ချိူ က နံပတ်တစ် ပစ်မှတ်ဖြစ်ပေမယ့် လက်ရှိအခြေအနေ တွေအရ ခေါ်ယူနိုင်ဖို့အကောင်းဆုံးအခြေအနေကိုရောက်နေပြီး လက်တစ်ကမ်းအကွာမှာ ဆန်ချို ဟာ ယူနိုက်တဒ် ကစားသမယးဖြစ်လာဖို့တာဆူနေပြီလည်းဖြစ်ပါတယ်။

ယူနိုက်တက် အနေနဲ့ဆန်ချို ရဲ့ အခြားသော ပစ်မှတ်တွေ အဖြစ် ဘာစီလိုနာ ရဲ့ အူစမန်ဒမ်ဘီလီ၊ ဘိုင်ယန်မြူးနစ် ရဲ့ ကိူးမန်း၊ ချဲလ်ဆီး ရဲ့ အိူဒွိုင်း နဲ့ ဘုန်းမောက် တောင်ပံ ကစားသမား ဒေးဗစ်ဘရွခ် တို့ကို စောင့်ကြည့်နေတာလည်းဖြစ်ပါတယ် ။ ကိုးမန်းက ဒီစာရင်းထဲမှာ ဖြစ်နိုင်ချေနည်းပေမယ့် ကျန်ကစားသမား သုံးယောက်က ဆိုးလ်ရှား ရဲ တောင်းဆိုချက် ဖြစ်တဲ့ ငယ်ရွယ်ပြီး အလားလာ ရှိတဲ့ လူငယခြေစွမ်းထက် ကစားသမားတွေ ဖြစ်တာကြောင့် မန်ယူနိုက်တဒ် အနေနဲ့ ယခုအခြေအနေမှာကြိုတင်ပြင်ဆင်မှု့တွေ ပြုလုပ်လာတာလည်းဖြစ်ပါတယ်။

ဒမ်ဘီလီ ကို ပြီးခဲ့တဲ့ရာသီကအငှား နဲ့ ခေါ်ယူလိနေပေမယ့် ဘာစီလိုနာ က ပေါင်သန်း (80)ဝန်းကျင်နဲ့အပြီးသတ်ရောင်းချတာ ဒါမှမဟုတ် အငှားခေါ်ယူပြီး အပြီးသတ်ဝယ်ယူစေတာ မျိုး သာ ပြုလုပ်စေချင်နေလို့လကိလွှတ်ခဲ့ဖူးပါတယ်။ဒေါ့မွန်အနေနဲ့ ချဲလ်ဆီး ရဲ့ အိုဒွိုင်းကို ပြန်လည်ခေါ်ယူလိုပြီး ဆန်ချို ကို မန်ချက်စတာ ယူနိုက်တဒ်ထံ ရောင်းချဖို့ပြင်ဆင်လာတာကြောင့်လည်း ယခုတစ်ပတ်အတွင်းအပြောင်းအရွှေ့ကဖြစ်ပေါ်လာဖွယ်ရှိပါတယ်။

ဂျေဒန် ဟာ အဂ်လန်အသင်းရဲ့ယူရိုပြိုင်ပွဲမတိုင်ခင် စခန်းသွင်းလေ့ကျင့်ခန်းဆင်းနေပေမယ့် နာမကျန်းခွင့် နဲ့ လေ့ကျင့်ခန်း ကနေ ပျောက်ကွယ်နေသလို တစ်ဖက်မှာလည်း ယူနိုက်တဒ်နဲ့ ဒေါ့မွန်ကြားဆက်ဆံရေးတွေတိုးတက်ကောင်းမွန်နေတာကို မြင်ရပါတယ်။ ပေါင်သန်း(၈၀)တန်အပြောင်းအရွှေ့ဟာ ဒေါ့မွန်ကို ငွေကြေး စိုးရိမ်မှတ်ပြနေမှု့ကို လျှော့ချစေနိုင်သလို ယူနိုက်တဒ်အတွက်လည်း ဒီအပြောင်းအရွှေ့ကဆယ်စုနှစ်တစ်ခုစာပြောင်းလဲမှု့ကိုပေးစွမ်းနိုင်တာကြောင့် ကြီးမားတဲ့ အကျိူးသက်ရောက်မှု့ ဖြစ်ပေါ်လာစေမယ်လို့ ဂလေဇာက ယုံကြည်နေပါတယ်။

ကရက်ဒစ်