Local News

အလုပ်ထုတ်ခံ ဆရာ၊ ဆရာမများ ကိုယ်တိုင်ခံဝန် အသနားခံပြီး အလုပ်ပြန်လျှောက်နိုင်ဟု စစ်အုပ်စု ကြေညာ

ရာထူးကနေ ထုတ်ပယ်၊ တာဝန်မှ ယာယီရပ်နား၊ ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုခံထားရတဲ့ CDM ပညာရေးဝန်ထမ်းတွေအနေနဲ့ ကိုယ်တိုင်ခံဝန်နဲ့ အသနားခံလျှောက်ထားပြီး တာဝန်တွေ ပြန်ထမ်းဆောင်မယ်ဆိုရင် စစ်ဆေး လက်ခံသွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီးပညာရေးရုံးက ဇွန်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရာထူးထုတ်ပယ်ခံရပြီး တာဝန်ပြန်လည်ထမ်းဆောင်လိုတဲ့ ဝန်ထမ်းတွေနဲ့ တရားစွဲဆိုခံရတဲ့ ဝန်ထမ်းတွေအနေနဲ့ သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့ အကြီးအမှူး၊ ဦးဆောင်ညွှန်ကြားရေးမှူးချုပ်နဲ့ တာဝန်ပေးအပ်ထားသူတွေဆီမှာ ပြန်လည်တာဝန်ထမ်းဆောင်လိုကြောင်း ကိုယ်တိုင် ခံဝန်ကတိတွေ လျှောက်ထားနိုင်ကြောင်းကို စစ်အကြမ်းဖက်အဖွဲ့က ထုတ်ပြန်ထားပါတယ်။ကရက်ဒစ်