Local News

တောထဲမှာ ဗိုက်အရမ်းနာပြီး မီးဖွားတော့မယ့်မွေးလူနာအတွက် သူနာပြုရအောင်ရှာခေါ်လာကာ အသက်နှစ်ချောင်းကိုကယ်တင်လိုက်တဲ့ လူငယ်တစ်ဦး

တောထဲမှာ ဗိုက်အရမ်းနာပြီး မီးဖွားတော့မယ့်မွေးလူနာအတွက် သူနာပြုရအောင်ရှာခေါ်လာကာ အသက်နှစ်ချောင်းကိုကယ်တင်လိုက်တဲ့ လူငယ်တစ်ဦး

မြန်မာပြည်သူ၊ပြည်သားတွေကတော့ နဂိုကတည်းက စိတ်ရင်းစေတနာဖြူစင်ကြတာကြောင့် အခုလိုအချိန်မှာလူသားအချင်းချင်း ပိုပြီးတော့တောင် ရိုင်းပင်းကူညီကြတာဖြစ်ပါတယ်။ဒီကာလမှာ လူတိုင်းနီးပါးက အခက်အခဲကိုယ်စီရှိကြပေမယ့်လည်း တစ်ခြားသူအပေါ် တတ်နိုင်သလောက်ကူညီပေးကြတာဖြစ်ပါတယ်။လူငယ်သူရဲကောင်းတွေလည်း အများအပြားထွက်ပေါ်လာပြီး တိုင်းပြည်နဲ့ပြည်သူတွေအတွက် ရှေ့ဆုံးကနေ ကိုယ်ကျိုးစွန့်အနစ်နာခံကြတာဖြစ်ပါတယ်။

အခုလိုမျိုး အသက်ကိုတောင်ပဓာနမထားဘဲ စွန့်စားရဲတဲ့ သူရဲကောင်းတွေရဲ့စိတ်ဓာတ်ကို ပြည်သူတွေက လေးစားကြပြီး သူတို့အန္တရာယ်ကင်းဖို့ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း လူငယ်တစ်ဦးက စစ်ဘေးရှောင်တွေထဲမှာ မွေးလူနာတစ်ယောက်ပါလာတာကြောင့် အဆင်ပြေပြေမီးဖွားနိုင်ဖို့အတွက် တောတောင်ထဲမှာသူနာပြုကို ရအောင်ရှာခေါ်လာပေးတာဖြစ်ပါတယ်။အဲ့ဒီလူငယ်လေးရဲ့ ကူညီမှုကြောင့် ချစ်စရာသမီးလေးတစ်ယောက်ကို ကျန်းကျန်းမာမာနဲ့ မွေးဖွားသန့်စင်နိုင်ခဲ့တာဖြစ်ပါတယ်။

ကလေးလေးက ကျန်းမာရေးကောင်းပြီး မိခင်က စစ်ဘေးရှောင်နေရတော့ နည်းနည်းဖျားနေတယ်လို့ သိရပါတယ်။သမီးလေးရဲ့နာမည်ကို “စစ်နွေဦး”လို့ ပေးထားပြီး လက်ရှိအခြေအနေအတွက် အမှတ်တရတစ်ခုလေးပဲဖြစ်ပါတယ်။ကူညီချင်စိတ်အပြည့်အဝရှိတဲ့ လူငယ်လေးရဲ့စိတ်ဓာတ်ကြောင့် တောတောင်ထဲမှာ လူ့အသက်နှစ်ချောင်းကိုကယ်တင်လိုက်နိုင်တာဖြစ်ပါတယ်။ပြည်သူတွေကတော့ ဘယ်နေရာမှာမဆို အားကြိုးမာန်တက်ကူညီပေးတတ်ကြတဲ့ စိတ်ထားလေးတွေကို လေးစားမိရင်း ဒီအကြောင်းအရာလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Credit