Sports

ကျောနံပါတ် ၁၀ ရယ့် အရေးပါမှုကိုမေ့နေခဲ့တဲ့ တိုက်စစ်မှူး ရက်ဖို့ဒ်

ကျွန်တော်တို့ ယူနိုက်တက်အသင်းဟာ အစဉ်အလာကြီးမားတဲ့ အသင်းဖြစ်တဲ့အတွက် ယူနိုက်တက်ရယ့် ဖြစ်တည်မှုတိုင်းကို အလေးထားကြပါတယ်။ ထိုအထဲမှာ ကျောနံပါတ်ဟာလည်း ပါ၀င်ပါတယ်။ နံပါတ် ၁၀ နဲ့ နံပါတ် ၇ဆို တန်ဖိုးကြီးတဲ့နံပါတ်တွေ ဖြစ်ကြပါတယ်။ ယခုအချိန်မှာတော့ နံပါတ် ၇ ကို ကာဗာနီ ၀တ်‌ဆင်ထားပြီး နံပါတ် ၁၀ကို ရက်ဖို့ဒ်က ၀တ်ဆင်ထားပါတယ်။

ပြီးခဲ့တဲ့ ယူရိုပါလိဒ်ဖိုင်နယ်မှာတော့ နံပါတ် ၁၀ကြီး ၀တ်ပြီး ခြေစွမ်းက ရပ်ကွက်ဆန်ဆန် ကစားခဲ့တဲ့ ရက်ဖို့ဒ်ကတော့ လူပြောများခံခဲ့ရပါတယ်။ အရေးကြီးတဲ့ ပွဲစဉ်မှာ ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ရွန်းနီကတော့ သူ့ရယ့်အမြင်ကို ဖွင့်ချခဲ့ပါတယ်။

ရွန်းနီက “ဘောလုံးကွင်းထဲမှာ ကျောနံပတ် ၁၀ ကြီးဝတ်ပြီး တကိုယ်တော်မိုက်ရူးရဲဆန်တဲ့လုပ်ရပ်တွေ လုပ်နေတဲ့ကောင်လေးတယောက်ကို ကျနော်မြင်ခဲ့ရတယ် စိတ်ပျက်မိတယ် ကိုယ့်အမှားတွေသိဖို့ကြိုးစားပါ ကျနော်တို့တုန်းက အရေးကြီးပွဲတွေ ဂိုးသွင်းရင်တောင်ဘော့စ်က မင်းနဲ့ မထိုက်တန်သေးဘူး ထပ်ကြိုးစားရအုံးမယ် မင်းလုပ်နိုင်စွမ်းတွေရှိသေးတယ်ဒီထက်ပိုလုပ်ပြရမယအဲ့ဒီလိုတွေပြောပါတယ်အခုလက်ရှိယူနိက်တက်ကစားသမားတွေဟာ အဲ့ဒီစိတ်မရှိဘူး” ဆိုပြီး ပြောပြခဲ့ပါတယ်။

TTSoe
Sports Gaber
internet Source