Sports

တီကိုကြယ်ပွင့် ထရစ်ပီယာကို ခေါ်ယူဖို့ တစ်ဖန်စိတ်၀င်စားနေတဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ အက်သလက်တီကိုအသင်းရယ့် နောက်ခံလူ ကီရန် ထရစ်ပီယာ အား ခေါ်ယူရန် ပြန်လည်စိတ်ဝင်စားလာကြောင်း သိရှိရသည်။ ထရစ်ပီယာ အား ဇန်နဝါရီတုန်းက ခေါ်ယူလိုခဲ့သော်လည်း ကစားသမား၏ လောင်းကစားမှုကြောင့် ပျက်ပျယ်ခဲ့ပြီးနောက် ယခုခေါ်ယူရန် ပြန်လည် ကြိုးပမ်းလာခြင်းဖြစ်သည်။

အသက် ၃၀ အရွယ်ကစားသမားသည် တီကို တွင် စာချုပ်တစ်နှစ်သာ ကျန်ရှိပြီး ယခုနွေရာသီတွင် အင်္ဂလန်သို့ ပြန်လာလိုသည်။ မိသားစုဝင်များသည် မန်ချက်စတာမြို့ မှာ နေထိုင်ကြပြီး ကစားသမားကလည်း ငယ်ဘဝ အားပေးသော ကလပ်တွင် ကစားလို‌နေတဲ့ သဘောမှာရှိပါတယ်။

နည်းပြကြီး ဆိုးရှားလ်ကတော့ ၀မ်ဘစ်ဆာကာ ၏ တိုက်စစ်ပိုင်းလိုက်ပါနိုင်မှုကို ဘဝင်မကျ၍ ပြိုင်ဘက်ခေါ်ယူလိုခြင်းဖြစ်သည်။ ထရစ်ပီယာ တစ်ယောက် ယူနိုက်တက်ကို အမှန်တကယ် ရောက်ရှိပြီး အသင်းအတွက်အကျိုးပြမှာလား စောင့်ကြည့်ရမှာဘဲဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source

Unicode




TTSoe
Sports Gaber
internet Source