Sports

ဗန်ဒဘိခ်ကို မတန်မရာမလုပ်ဘဲ အသင်းထွက်ဖို့ ပြောလိုက်တဲ့ ဗန်ဒါဗတ် အပါအဝင် နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု…

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းပြနေခဲ့တဲ့ လေဗာကူဆင်နောက်ခံလူ အက်ဒ်မွန် တက်ပ်ဆိုဘာကိုလည်း ချိတ်ဆက်နေခဲ့ပြီး ဂျာမန်ကလပ်ဘက်ကတော့ ပရီးမီးယားလိဂ်မှာ ရယ်စရာပြောင်းရွှေ့ကြေး ပမာဏတစ်ခုဖြစ်နေတဲ့ ပေါင် ၇၂ သန်းလို့ တုံ့ပြန်ထား။

– ဆန်စီရိုမှာ အေစီမီလန်အသင်းနဲ့ တစ်ပတ်လုပ်ခ ပေါင် ၄၂၀၀၀ သာ ရရှိနေခဲ့ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မယ့် တူရကီ ပလေးမိတ်ကာ ဟာကန် ချယ်လ်ဟာနိုးလူးအတွက် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ မြင့်မားတဲ့ လစာငွေ၊ ငါးနှစ်စာချုပ်နဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပြီး ဘရူနို ဖာနန်ဒက်စ်ရဲ့ တာဝန်တွေကို ခွဲဝေပေးဖို့ စီစဉ်နေ။

– မန်ချက်စတာယူနိုက်တက်ရဲ့ ပစ်မှတ် အင်္ဂလန်လက်ရွေးစင် ဂျက်ခ် ဂရီးလစ်ရှ်ကို ယူရို ၂၀၂၁ ပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်မယ်လို့ အသင်း ခေါင်းဆောင်ဟောင်း ရွိုင်းကီးန်က တစ်ပေးလိုက်ပြီး အိုးလ်ထရက်ဖို့ဒ်မှာ မြင်ရနိုင်တဲ့ အက်စတန်ဗီလာအသင်းခေါင်းဆောင်ကို ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ နှိုင်းယှဉ်သွား။

– အင်္ဂလန်လက်ရွေးစင်အသင်းမှာ အာရွန် ဝန်ဘစ်ဆာကာကို ဖယ်ထုတ်ပြီး ညာနောက်ခံလူတစ်နေရာကို ရယူနိုင်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်မှာတော့ ပြောင်းပြန်ဖြစ်ဖွယ်ရှိနေတဲ့ အခြေအနေမျိုးမှာ အိုးလ်ထရက်ဖို့ဒ်ကို လာရောက်ဖို့ အစီအစဉ် မရှိသေးကြောင်း လာလီဂါချန်ပီယံ အက်သလက်တီကိုညာနောက်ခံလူ ကီရန် ထရစ်ပီယာက တုံ့ပြန်သွားခဲ့။

– နယ်သာလန်လက်ရွေးစင်နဲ့ တော့တင်ဟမ်ဟော့စပါးစ်ကစားသမားဟောင်း ရာဖေးလ် ဗန်ဒါဗတ်က ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်ဟာ မန်ချက်စတာယူနိုက်တက်ကို မပြောင်းရွှေ့ခဲ့သင့်ကြောင်းနဲ့ သူ့အတွက် မသင့်လျော်တဲ့ ခြေလှမ်းမျိုးကို အဆင့်ကျော်ပြီး လှမ်းခဲ့တာ ဖြစ်လို့ ဒီနွေမှာ အဆင့်အတန်းနဲ့ ကိုက်ညီတဲ့အသင်းမျိုးဆီ ထွက်ခွာဖို့ တိုက်တွန်းသွား။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အာဆင်နယ်အသင်းက အလိုရှိနေခဲ့တဲ့ တူရကီညာနောက်ခံလူ ဇီကီ ချယ်လိခ်ကို ခေါ်ယူဖို့ ပြင်သစ်လီဂူးဝမ်းချန်ပီယံ လိုင်လီအသင်းဆီ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပြီး ချန်ပီယံလိဂ်ကစားခွင့်ရထားတဲ့ အခြေအနေမှာ ဥရောပ ဝင်ခွင့်မရှိတဲ့ ပြိုင်ဘက်ဟောင်းကို နောက်ကောက်ချနိုင်ဖွယ်ရှိနေ။

– မန်ချက်စတာယူနိုက်တက်အသင်းကို ပြန်ဖို့ သတင်းထွက်နေခဲ့တဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ လမ်းကြောင်းကို ရီးရဲလ်မက်ဒရစ်နည်းပြသစ်ဖြစ်လာတဲ့ ကာလို အန်ဆယ်လော့တီက တိမ်းစောင်းအောင် ကြံစည်နေပြီး ၃၆ နှစ်သား အတွက် တူရင်ကလပ်နဲ့ ဆွေးနွေးဖို့ စီစဉ်နေ။

– ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာလာနိုင်တဲ့ နောက်ခံလူနှစ်ဦးကြားမှာ ယူနိုက်တက်တို့အတွက် ရွေးချယ်ရခက်ခဲဖွယ်ရှိနေပြီး အလွတ်ပြောင်းရွှေ့ကြေး၊ မြင့်မားတဲ့ ထိပ်တန်းလစာငွေနဲ့ ခေါ်ယူရမယ့် အသက် ၃၆ နှစ်အရွယ် ဆာဂျီယို ရာမို့စ်နဲ့ ငယ်ရွယ်သေးပြီး လစာငွေနည်းပေမယ့် ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ ကျော် ပေးချေရမယ့် ရာဖေး ဗာရွန်းတို့ကြား ခေါင်းစားရဖွယ်ရှိနေ။

– ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းအနေနဲ့ သူတို့ရဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကို ဆုံးရှုံးခံဖို့ အသင့်ပြင်ထားခဲ့ပြီဖြစ်ပြီး ပီအက်စ်ဂျီအသင်းရဲ့ တောင်ပံရော အထောင်မှာပါ ကစားနိုင်တဲ့ နယ်သာလန်တိုက်စစ်မှူး ဒွန်ယဲလ် မာလင်ကို ခေါ်ယူဖို့ ချဉ်းကပ် ဆွေးနွေးနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.